အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 7:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘီး​လေး​ဘီး​သည် ဘောင်​များ​၏​အောက်​၌​ရှိ​ပြီး ဘီး​များ​၏​ဝင်ရိုး​သည် လှည်း​ကိုယ်ထည်​နှင့် ဆက်​ထား​၏​။ ဘီး​တစ်ဘီးစီ​၏​အမြင့်​မှာ တစ်တောင်​ခွဲ​ရှိ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘီး​များ​မှာ​နှစ်​ဆယ့်​ငါး​လက်​မ​စီ​မြင့်​၍ မှန် ကူ​ကွက်​ပုံ​များ​အောက်​၌​တည်​ရှိ​၏။ ဝင်​ရိုး များ​ကို​မူ​လှည်း​နှင့်​တစ်​ဆက်​တည်း​သွန်း လုပ်​ထား​လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ထောက် အ ခံ အောက် မှာ အ မြင့် တစ် ထောင့် ထွာ ရှိ သော ထို ဘီး နှစ် စုံ၏ ဝင် ရိုး များ သည် အောက် ခံ အ တွင်း တပ် ထား လျက် ရှိ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဘီး​လေး​ခု​တို့​သည် ခုံ​မျက်​နှာ​အောက်​မှာ နေ​ရာ​ကျ​လျက်၊ ဝင်​ရိုး​တို့​သည် ခုံ​နှင့်​စပ်​လျက်၊ ဘီး​အ​မြင့် တစ်​တောင်​ထွာ​ရှိ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 7:32
2 ပူးပေါင်းရင်းမြစ်များ  

လှည်းအိမ်​အတွင်း​မှ အင်တုံ​အဝ​ရှိ ထိပ်ကွပ်​အထိ အမြင့်​တစ်တောင်​ရှိ​၏​။ လှည်းအိမ်​အဝ​သည် အောက်ခံ​ကဲ့သို့ အဝိုင်း​ဖြစ်​၍ အချင်း​တစ်တောင်​ခွဲ​ရှိ​၏​။ လှည်းအိမ်​အဝ​ပတ်ပတ်လည်​တွင် အရုပ်​ထွင်းထု​ထား​၍ ဘောင်​သည် အဝိုင်း​မ​ဟုတ်​၊ စတုရန်းပုံ​ဖြစ်​၏​။


ဘီး​များ​ကို ရထားဘီး​ကဲ့သို့ သွန်းလုပ်​ထား​၏​။ ဝင်ရိုးတံ​များ​၊ ဘီးခွေ​များ​၊ ထောက်တိုင်​များ​၊ ဝင်ရိုးအုံ​များ​အားလုံး​ကို ကြေးနီ​နှင့်​သွန်းလုပ်​ထား​၏​။