အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 7:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လှည်းအိမ်​အတွင်း​မှ အင်တုံ​အဝ​ရှိ ထိပ်ကွပ်​အထိ အမြင့်​တစ်တောင်​ရှိ​၏​။ လှည်းအိမ်​အဝ​သည် အောက်ခံ​ကဲ့သို့ အဝိုင်း​ဖြစ်​၍ အချင်း​တစ်တောင်​ခွဲ​ရှိ​၏​။ လှည်းအိမ်​အဝ​ပတ်ပတ်လည်​တွင် အရုပ်​ထွင်းထု​ထား​၍ ဘောင်​သည် အဝိုင်း​မ​ဟုတ်​၊ စတုရန်းပုံ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အင်​တုံ​တင်​ရန်​အ​တွက်​တိုင်​ထိပ်​များ​ကို​စက်​ဝိုင်း ပုံ​သဏ္ဌာန်​ဘောင်​ခတ်​၍​ထား​လေ​သည်။ ထို​ဘောင် သည်​လှည်း​ထက်​တစ်​ဆယ့်​ရှစ်​လက်​မ​မြင့်​၍ လှည်း အ​တွင်း​သို့​ခု​နစ်​လက်​မ​ဝင်​လျက်​နေ​၏။ ယင်း ၏​ပတ်​လည်​၌​လည်း​အ​ရုပ်​များ​ထု​လုပ်​၍ ထား​သ​တည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

ခ နောက် လည် ဆစ် အ ဝင်၊ အ ထက်၊ အ မြင့် တစ် တောင်၊ တစ် တောင့် ထွာ ပြွန် လုံး သဏ္ဌာန် ကြေး က ရွတ် ကို ထား ၍ ၎င်း၌ ပန်း ထု လျက်၊ စ တု ရန်း အ ထောက် အ ခံ ရှိ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အင်​တုံ​ဝ၌​ပါ​သော အ​ကွပ်​သည် အ​ကျယ်​တစ်​တောင်​ရှိ၏။ အ​ဝ​သည် ဝိုင်း၍ အ​ချင်း​တစ်​တောင်​ထွာ ရှိ၏။ စ​တု​ရန်း​လေး​ထောင့်၌ အ​ပြောက်​နှင့်​ပြည့်​စုံ၏။

အခန်းကိုကြည့်ပါ။



၃ ရာ 7:31
2 ပူးပေါင်းရင်းမြစ်များ  

တွန်းလှည်း​တစ်ခုစီ​တွင် ကြေးနီ​ဘီး​လေး​ဘီး​စီ​နှင့် ကြေးနီ​ဝင်ရိုး​များ​ပါရှိ​၏​။ ထောက်တိုင်​လေး​တိုင်​သည် အင်တုံ​အောက်​၌ ထောက်ထား​၏​။ ထို​အင်တုံ​ကို​ထောက်ထား​သော​တိုင်​တစ်​တိုင်​စီ​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။


ဘီး​လေး​ဘီး​သည် ဘောင်​များ​၏​အောက်​၌​ရှိ​ပြီး ဘီး​များ​၏​ဝင်ရိုး​သည် လှည်း​ကိုယ်ထည်​နှင့် ဆက်​ထား​၏​။ ဘီး​တစ်ဘီးစီ​၏​အမြင့်​မှာ တစ်တောင်​ခွဲ​ရှိ​၏​။