ထာဝရဘုရားအဖို့ ရှောလမုန်မင်းကြီးတည်ဆောက်သောအိမ်တော်မှာ အလျားအတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။
၃ ရာ 6:3 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။ Common Language Bible မျက်နှာစာမုဒ်ဦးဆောင်သည်ဗိမာန်တော်ကဲ့သို့ ပင် အလျားတစ်ဆယ့်ငါးပေ၊ အနံပေသုံးဆယ် ရှိလေသည်။- Garrad Bible ဗိ မာန် တော် မျက် နှာ စာ မုတ် ဆောင် အ လျား မှာ ဗိ မာန် တော် အ နံ နှင့် အ မျှ အ တောင် နှစ် ဆယ်၊ မုတ် ဆောင် အ နံ ကား ဆယ် တောင် ရှိ ၏။ Judson Bible အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျား အတောင်နှစ်ဆယ်၊ အနံ ဆယ်တောင်ရှိ၏။ |
ထာဝရဘုရားအဖို့ ရှောလမုန်မင်းကြီးတည်ဆောက်သောအိမ်တော်မှာ အလျားအတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။
အိမ်တော်ထဲတွင် အလင်းဝင်ပေါက်ဖြစ်သော ပြတင်းပေါက်ငယ်များကိုလည်း ဆောက်လုပ်၏။
ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။
ထိုတိုင်တို့ကို ဗိမာန်တော်ဆင်ဝင်တွင် စိုက်ထူ၏။ စိုက်ထူထားသောယာဘက်တိုင်ကို ယာခိန် ဟုအမည်ပေးထားပြီး စိုက်ထူထားသောဝဲဘက်တိုင်ကို ဗောဇ ဟုအမည်ပေးထား၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။
ထို့နောက် ငါ့အား အိမ်တော်၏ဆင်ဝင်သို့ခေါ်ဆောင်သွားပြီး ဆင်ဝင်တိုင်ကိုတိုင်းရာ ဆင်ဝင်တစ်ဖက်တွင် ထုငါးတောင်၊ အခြားတစ်ဖက်တွင် ထုငါးတောင်ရှိ၏။ တံခါးပေါက်တစ်ဖက်တွင် ထုသုံးတောင်၊ အခြားတစ်ဖက်တွင် ထုသုံးတောင်ရှိ၏။
အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။
ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို သန့်ရှင်းသောမြို့တော်သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ ရပ်စေပြီးလျှင်