ရှောလမုန်မင်းကြီးကလည်း ဟိရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍
ရှောလမုန်သည်ဟိရံအား``ကျွန်ုပ်ခမည်း တော်ဒါဝိဒ်သည် မိမိပတ်လည်ရှိရန်သူ နိုင်ငံများကိုအမြဲတစေတိုက်ခိုက်လျက် နေရသဖြင့် သူ၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုရန်အတွက် ဗိမာန်တော် ကိုမတည်မဆောက်နိုင်ခဲ့ကြောင်းအဆွေ တော်သိပါ၏။ သူ၏ရန်သူအပေါင်းတို့ အား ထာဝရဘုရားမနှိမ်နင်းမချင်း သူသည်ဗိမာန်တော်ကိုမတည်မဆောက် နိုင်ပါ။-
ရှော လ မုန် မင်း က ဟိ ရံ မင်း ထံ ရာ ဇ သံ ပြန် သည် ကား
တစ်ဖန် ရှောလမုန်သည်လည်း၊ ဟိရံထံသို့စေလွှတ်လျက်၊
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးသည် သူ၏ရန်သူတို့ကို သူ့ခြေဖဝါးအောက်သို့ ထာဝရဘုရားမချထားမီအချိန်ထိ သူ့အား တိုက်ပွဲများဝိုင်းရံလျက်ရှိသောကြောင့် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ ဗိမာန်တော်ကို တည်ဆောက်ခွင့်မရခဲ့ကြောင်း မင်းကြီးသိပါ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် တိုင်ရာဘုရင်ဟုရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးအား သူစံမြန်းရာနန်းတော်ကိုဆောက်လုပ်ရန်အတွက် သစ်ကတိုးသားများကို အရှင်မင်းကြီးပို့ပေးခဲ့သည့်နည်းတူ အကျွန်ုပ်ထံသို့လည်း ပို့ပေးပါလော့။
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များနှင့်သူတို့၏ဝတ်စားဆင်ယင်ပုံ၊ ထာဝရဘုရား၏အိမ်တော်သို့တက်သွားရာလမ်းတွင် စောင်းတန်းများပါရှိပုံ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။