ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။
၃ ရာ 5:14 - မြန်မာ့စံမီသမ္မာကျမ်း တစ်လလျှင် လူတစ်သောင်းစီကို လက်ဘနွန်တောသို့ စေလွှတ်၏။ သူတို့သည် လက်ဘနွန်တောတွင်တစ်လ၊ ကိုယ့်အိမ်တွင်နှစ်လ နေကြရ၏။ အဒေါနိရံသည် ထိုအလုပ်ကြမ်းသမားတို့ကို ကြီးကြပ်ရ၏။ Common Language Bible အဒေါနိရံအားသူတို့ကိုအုပ်ချုပ်စေတော် မူ၏။ မင်းကြီးသည်ထိုသူတို့အားလူတစ် သောင်းစီအဖွဲ့သုံးဖွဲ့ဖွဲ့တော်မူ၍ တစ်ဖွဲ့ကို တစ်လကျလေဗနုန်တောင်သို့စေလွှတ်ပြီး လျှင် နှစ်လမျှအိမ်သို့ပြန်၍နေထိုင်ခွင့်ပြု တော်မူ၏။- Garrad Bible တစ် လှည့် တစ် သောင်း စီ လေ ဗ နုန် တော သို့ စေ လွှတ် သည့် နှင့် အ ညီ တော တွင် တစ် လ၊ အိမ် တွင် နှစ် လ နေ ရ ကြ ၏။ လ မိုင်း ဝန် ကား အ ဒေါ နိ ရံ တည်း။ Judson Bible အလှည့်အလှည့် တစ်လလျှင်တစ်သောင်းစီ၊ လေဗနုန်တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင်ပေါ်မှာတစ်လ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူတို့ကို အဒေါနိရံအုပ်ရ၏။ |
ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။
တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်အဒေါရံကိုစေလွှတ်ရာ အစ္စရေးလူမျိုးအပေါင်းတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်သွားပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။
တစ်နေ့တွင် ရောဗောင်မင်းကြီးသည် ချွေးတပ်အုပ်ဟဒေါရံကိုစေလွှတ်ရာ အစ္စရေးအမျိုးသားတို့သည် သူ့ကို ကျောက်ခဲနှင့်ပေါက်သဖြင့် သူသေလေ၏။ ထိုအခါ ရောဗောင်မင်းကြီးသည် မြင်းရထားပေါ်သို့ အလျင်အမြန်တက်စီးပြီး ဂျေရုဆလင်မြို့သို့ ထွက်ပြေးလေ၏။