၃ ရာ 5:13 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အလုပ်ကြမ်းသမား အယောက်သုံးသောင်းကို ခန့်ထားပြီး Common Language Bible ရှောလမုန်သည်ဣသရေလပြည်တစ်ပြည်လုံး မှ လူသုံးသောင်းကိုချွေးတပ်သားအဖြစ်ဖြင့် ဆင့်ခေါ်တော်မူပြီးလျှင်၊- Garrad Bible ရှော လ မုန် မင်း သည် ဣ သ ရေ လ နိုင် ငံ လုံး တွင် လ မိုင်း အ မှု ထမ်း သုံး ထောင် ကို စီ မံ ၍ Judson Bible ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူအပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊ |
ဤသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ သူစံမြန်းရန်နန်းတော်၊ မိလ္လော၊ ဂျေရုဆလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့၊ ဂေဇာမြို့တို့ကို တည်ဆောက်ရန် အလုပ်ကြမ်းသမားများကို ခေါ်ယူခဲ့ရ၏။
“မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့ပါ၏။ သို့သော် မင်းကြီး၏ခမည်းတော်ထံ၌ အကျွန်ုပ်တို့ ခက်ခဲပင်ပန်းစွာအမှုထမ်းခဲ့ရသည်ကို သက်သာစေမည်ဆိုလျှင်၊ အကျွန်ုပ်တို့အပေါ်တင်ထားခဲ့သည့် လေးလံသောထမ်းပိုးကို ပေါ့စေမည်ဆိုလျှင် မင်းကြီးထံ ခစားကြပါမည်”ဟု လျှောက်တင်ကြ၏။
အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။