တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
၃ ရာ 5:10 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ဟိရံမင်းကြီးသည် ရှောလမုန်မင်းကြီးအလိုရှိသမျှ သစ်ကတိုးသား၊ ထင်းရှူးသားတို့ကို ပို့ပေးလေ၏။ Common Language Bible ထို့ကြောင့်ဟိရံကရှောလမုန်လိုသမျှ သော သစ်ကတိုးနှင့်ထင်းရှူးသစ်ကိုပေးပို့၍၊- Garrad Bible ဟိ ရံ မင်း သည် ရှော လ မုန် မင်း အ လို ရှိ သ မျှ သစ် က တိုး၊ ထင်း ရူး သစ် များ ကို ပေး ပို့ လေ ၏။ Judson Bible ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရှူးသစ်သားကို ပေး၏။ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ရှောလမုန်မင်းကြီးအား ရှင်ဘုရင်အဖြစ်ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေကြောင်း ဒါဝိဒ်မင်းကြီးလက်ထက်တစ်လျှောက် ဒါဝိဒ်မင်းကြီးနှင့်မိတ်ဆွေဖြစ်ခဲ့သော တိုင်ရာဘုရင်ဟိရံမင်းကြီးကြားသိလျှင် ရှောလမုန်မင်းကြီးထံသို့ မိမိအမှုထမ်းများကိုစေလွှတ်၍ မိတ်ဖွဲ့စေ၏။
ရှောလမုန်မင်းကြီးသည်လည်း ဟိရံမင်းကြီး၏နန်းတွင်းသူနန်းတွင်းသားတို့ စားစရာအဖို့ ဂျုံကောရနှစ်သောင်းနှင့် ကြိတ်ထားသောသံလွင်ဆီ ကောရနှစ်ဆယ်ကို ပေး၏။ ထိုသို့ ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအဖို့ နှစ်စဉ်ပြုပေးလေ၏။
အကျွန်ုပ်၏အမှုထမ်းတို့အား လက်ဘနွန်တောင်မှသစ်တို့ကို ပင်လယ်အထိသယ်လာပြီး ဖောင်ဖွဲ့၍ပင်လယ်ရေကြောင်းအတိုင်း မျှောချမည်။ မင်းကြီးအလိုရှိသောနေရာသို့ရောက်လျှင် ဖောင်ကိုဖျက်ပြီး သစ်တို့ကို သယ်ယူသွားပါ။ မင်းကြီးလည်း အကျွန်ုပ်၏နန်းတွင်းသူနန်းတွင်းသားတို့အတွက် ရိက္ခာကို ဖြည့်ဆည်းပေးပါရန် အကျွန်ုပ်ဆန္ဒပြုပါသည်”ဟု အကြောင်းပြန်ကြားလေ၏။
ထို့အတူ လက်ဘနွန်တောင်မှ သစ်ကတိုးသားများ၊ ထင်းရှူးသားများ၊ စန္ဒကူးသားများကိုလည်း ပို့ပေးပါ။ မင်းကြီး၏အမှုထမ်းတို့သည် လက်ဘနွန်သစ်များကို ခုတ်ထွင်ရာ၌ ကျွမ်းကျင်ကြောင်း အကျွန်ုပ်သိပါ၏။ အကျွန်ုပ်၏အမှုထမ်းတို့ကို မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်စေမည်။
အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။
အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။