စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
၃ ရာ 4:22 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီး၏တစ်ရက်စာအတွက် ကုန်ကျသောရိက္ခာမှာ အကောင်းဆုံးဂျုံမှုန့် ကောရသုံးဆယ်၊ မုန့်ညက် ကောရခြောက်ဆယ်၊ Common Language Bible တစ်နေ့အတွက် ရှောလမုန်လိုအပ်သည့်ရိက္ခာ မှာ ဂျုံမှုန့်အနုတင်းတစ်ရာ့ငါးဆယ်နှင့်ဂျုံ မှုန့်အကြမ်းတင်းသုံးရာ။- Garrad Bible နန်း တော် တွင် တစ် နေ့ စာ ရိ က္ခာ တော် ကား ဂျုံ မုန့် ညက် တင်း ပေါင်း သုံး ရာ၊ မု ယော မုန့် ညက် တင်း ပေါင်း ခြောက် ရာ၊ Judson Bible တစ်နေ့တစ်နေ့လျှင် နန်းတော်၌ကုန်သော ရိက္ခာဟူမူကား၊ ဂျုံမုန့်ညက် ကောရသုံးဆယ်၊ မုယောမုန့်ညက် ကောရခြောက်ဆယ်၊ |
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ရှောလမုန်မင်းကြီးသည် ယူဖရေးတီးမြစ်မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်နယ်နိမိတ်တိုင်အောင် တိုင်းနိုင်ငံအလုံးစုံကို အုပ်ချုပ်ရ၏။ ထိုတိုင်းနိုင်ငံတို့သည် ရှောလမုန်မင်းကြီးအသက်ရှင်သမျှကာလပတ်လုံး လက်ဆောင်ပဏ္ဏာဆက်သရသောလက်အောက်ခံနိုင်ငံများ ဖြစ်ကြ၏။
သမင်၊ ဒရယ်၊ ဆတ်နှင့် ဆူဖြိုးသောကြက်ငှက်တို့အပြင် ဆူဖြိုးသောနွား အကောင်တစ်ဆယ်၊ စားကျက်မြေမှ နွားအကောင်နှစ်ဆယ်၊ သိုးအကောင်တစ်ရာ ဖြစ်၏။
ရှောလမုန်မင်းကြီးသည်လည်း ဟိရံမင်းကြီး၏နန်းတွင်းသူနန်းတွင်းသားတို့ စားစရာအဖို့ ဂျုံကောရနှစ်သောင်းနှင့် ကြိတ်ထားသောသံလွင်ဆီ ကောရနှစ်ဆယ်ကို ပေး၏။ ထိုသို့ ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအဖို့ နှစ်စဉ်ပြုပေးလေ၏။
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များနှင့်သူတို့၏ဝတ်စားဆင်ယင်ပုံ၊ ထာဝရဘုရား၏အိမ်တော်သို့တက်သွားရာလမ်းတွင် စောင်းတန်းများပါရှိပုံ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ထိုအတွက် နေ့တိုင်း နွားတစ်ကောင်၊ ဆူဖြိုးသောသိုးခြောက်ကောင်နှင့် ကြက်ငှက်များကို ပြင်ဆင်ပေးရ၏။ စပျစ်ဝိုင်အမျိုးမျိုးကိုလည်း ဆယ်ရက်တစ်ခါ အလျှံအပယ်ချပေး၏။ ထိုမျှကုန်သော်လည်း ငါသည် ဘုရင်ခံရထိုက်သောရိက္ခာကို လုံးဝမတောင်း။ အကြောင်းမှာ ဤအမှုသည် ပြည်သူပြည်သားတို့အတွက် ဝန်ထုပ်ဖြစ်လှ၏။
အသိပညာအားဖြင့် အခန်းများသည် အဖိုးတန်၍ နှစ်လိုဖွယ်ကောင်းသောစည်းစိမ်ဥစ္စာအပေါင်းတို့နှင့် ပြည့်ရ၏။
ဥစ္စာတိုးပွားသောအခါ ၎င်းကိုစားသုံးသူလည်း များပြားလာတတ်၏။ ၎င်းကိုပိုင်ဆိုင်သောသူသည်လည်း မိမိ၏မျက်စိဖြင့် ကြည့်နေခြင်းမှတစ်ပါး အခြားမည်သည့်အကျိုးကျေးဇူးကိုရရှိသနည်း။
ရှင်ဘုရင်သည် ထိုသူတို့အား ဘုရင်စားသောအစားအစာ၊ ဘုရင်သောက်သောစပျစ်ဝိုင်ကို နေ့စဉ်ကျွေးမွေး၍ သုံးနှစ်တိုင်တိုင် သင်ကြားလေ့ကျင့်ပေးစေ၏။ သုံးနှစ်စေ့သောအခါ ဘုရင့်ရှေ့တော်တွင် အမှုထမ်းရန် စီရင်၏။
သူ့အဖို့ လူတစ်ထောင်အုပ်၊ လူငါးဆယ်အုပ်များအဖြစ် ခန့်ထားမည်။ လယ်ယာကို ထွန်ယက်စေမည်။ ကောက်ရိတ်စေမည်။ စစ်လက်နက်များ၊ ရထားတန်ဆာပလာများကို ပြုလုပ်စေမည်။