ထိုသို့ အကျွန်ုပ်မီးဖွားပြီး သုံးရက်မြောက်သောနေ့တွင် ထိုမိန်းမလည်း မီးဖွားပါ၏။ ထိုအိမ်တွင် အကျွန်ုပ်တို့နှစ်ဦးအပြင် အခြားမည်သူမျှမရှိပါ။
၃ ရာ 3:19 - မြန်မာ့စံမီသမ္မာကျမ်း ဤမိန်းမသည် ညအိပ်ချိန်၌ သူ့သားကို ဖိအိပ်မိသဖြင့် သားမှာ သေဆုံးသွားပါ၏။ Common Language Bible အိမ်တွင်ကျွန်မတို့နှစ်ဦးသာလျှင်ရှိပါ၏။ အခြားမည်သူမျှမရှိပါ။ တစ်ညသ၌ဤ မိန်းမသည်မိမိ၏သားငယ်ကိုမတော်တဆ ဖိ၍အိပ်မိသဖြင့်သားငယ်သေဆုံးသွားပါ၏။- Garrad Bible ညဉ့် အ ခါ ဤ မိန်း မ ဖိ မိ ၍ သူ့ သား ငယ် သေ လျှင် Judson Bible ဤမိန်းမသည် ညအခါ မိမိသားငယ်ကို ဖိ၍အိပ်မိသောကြောင့် သားငယ်သေပါ၏။ |
ထိုသို့ အကျွန်ုပ်မီးဖွားပြီး သုံးရက်မြောက်သောနေ့တွင် ထိုမိန်းမလည်း မီးဖွားပါ၏။ ထိုအိမ်တွင် အကျွန်ုပ်တို့နှစ်ဦးအပြင် အခြားမည်သူမျှမရှိပါ။
ထို့ကြောင့် သူသည် ညသန်းခေါင်ထ၍ အကျွန်ုပ်အိပ်နေချိန်တွင် အကျွန်ုပ်ဘေး၌အိပ်နေသော အကျွန်ုပ်၏သားကိုယူပြီး သူ့ရင်ခွင်၌သိပ်ပါ၏။ သူ့သားအသေကောင်ကိုမူ အကျွန်ုပ်၏ရင်ခွင်၌ ထားပါ၏။