အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် မင်းဝတ်တန်ဆာဝတ်ဆင်လျက် ရှမာရိမြို့တံခါးနားရှိ ကောက်နယ်တလင်း၌ အသီးသီးပလ္လင်ပေါ်တွင် စံမြန်းနေကြ၏။ ပရောဖက်အပေါင်းတို့သည်လည်း သူတို့ရှေ့တွင် ပရောဖက်ပြုနေကြ၏။
၃ ရာ 22:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဣမလ၏သားမိက္ခာယကို အမြန်ခေါ်ခဲ့ပါ”ဟု မိန့်ဆို၏။ Common Language Bible သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း သွားခေါ်ခဲ့ရန်အမိန့်ပေးတော်မူ၏။ Garrad Bible ဣ သ ရေ လ ဘု ရင် သည် အ မတ် တစ် ယောက် ကို ခေါ်၍ ဣ မ လ သား မိ က္ခာ ကို အ မြန် ခေါ် သွင်း လော့ ဟု မိန့် ဆို လေ ၏။ Judson Bible ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတစ်ယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။ |
အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် မင်းဝတ်တန်ဆာဝတ်ဆင်လျက် ရှမာရိမြို့တံခါးနားရှိ ကောက်နယ်တလင်း၌ အသီးသီးပလ္လင်ပေါ်တွင် စံမြန်းနေကြ၏။ ပရောဖက်အပေါင်းတို့သည်လည်း သူတို့ရှေ့တွင် ပရောဖက်ပြုနေကြ၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်
ထိုအခါ အစ္စရေးဘုရင်သည် မှူးမတ်တစ်ဦးကို ခေါ်ပြီး “ဣမလ၏သားမိက္ခာယကို အမြန်ခေါ်ခဲ့ပါ”ဟု မိန့်ဆို၏။
သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
ဤသို့ဖြင့် သူတို့ကို ဘုရင့်ရှေ့တော်သွင်းရမည့်နေ့ရောက်လာသောအခါ နန်းတော်အုပ်သည် သူတို့ကို နေဗုခဒ်နေဇာမင်းကြီးရှေ့တော်သို့ ခေါ်ဆောင်လာ၏။