ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
၃ ရာ 22:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဝိညာဉ်တစ်ပါးထွက်လာ၍ ထာဝရဘုရားရှေ့တော်၌ရပ်လျက် ‘အကျွန်ုပ် ဖြားယောင်းပါမည်’ဟု လျှောက်တင်လျှင် ထာဝရဘုရားက ‘မည်သို့ဖြားယောင်းမည်နည်း’ဟု မေးတော်မူ၏။ Common Language Bible နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ်လည် လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရဘုရား က`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊- Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဝိ ညာဉ် တစ် ပါး ထွက် ရပ် လျက် အ ကျွန်ုပ် သွေး ဆောင် ပါ မည် ဟု လျှောက် သော်၊ Judson Bible တစ်ဖန် ဝိညာဉ်တစ်ပါးသည်လာ၍ ထာဝရဘုရား ရှေ့တော်၌ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟုလျှောက်လျှင်၊ |
ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခုကြည့်ပါ။ ထာဝရဘုရားသည် မင်းကြီး၏ပရောဖက်အပေါင်းတို့နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ကို သွင်းတော်မူပြီ။ မင်းကြီးလည်း ဘေးဆိုးနှင့်ကြုံရမည်ဟူ၍ ထာဝရဘုရားမိန့်ဆိုလေပြီ”ဟု ဆို၏။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောနေ့ရောက်လာပြန်လျှင် စာတန်သည်လည်း သူတို့နှင့်အတူ ထာဝရဘုရားရှေ့တော်သို့ ရောက်လာ၏။
ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။