ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
၃ ရာ 21:6 - မြန်မာ့စံမီသမ္မာကျမ်း မင်းကြီးက “ငါသည် ယေဇရေလမြို့သားနာဗုတ်အား ‘သင့်စပျစ်ခြံကို ငါ့အား ငွေနှင့်ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် ထိုခြံအစား စပျစ်ခြံတစ်ခုကိုပေးပါမည်’ဟု ဆိုသည်ကို သူက ‘အကျွန်ုပ်စပျစ်ခြံကို အရှင်မင်းကြီးအား မပေးနိုင်ပါ’ဟု ဆိုသည်”ဟု ပြန်ဖြေ၏။ Common Language Bible မင်းကြီးက``ငါသည်နာဗုတ်အားသူ၏ဥယျာဉ် ကိုရောင်းချရန် အကယ်၍သူအလိုရှိပါလျှင် အခြားဥယျာဉ်နှင့်လဲလှယ်ရန်ပြောဆိုသော် လည်း၊ နာဗုတ်က`ဤဥယျာဉ်ကိုအရှင့်အားမ ဆက်သနိုင်ပါ' ဟုဆိုချေသည်။ ထို့ကြောင့်ငါ သည်စိတ်မချမ်းမသာဖြစ်နေသည်'' ဟုမိန့် တော်မူ၏။ Garrad Bible ယေ ဇ ရေ လ မြို့ သား နာ ဗုတ် ကို ခေါ်၍ သင့် စ ပျစ် ခြံ ကို တန် ဖိုး နှင့် ဖြစ် စေ၊ ခြံ စား နှင့် ဖြစ် စေ၊ ဆက် သ လော့။ အ လို ရှိ ရာ ငါ ပေး မည် ဆို သော် လည်း ထို ခြံ ကို မ ဆက် လို ကြောင်း ငြင်း ပယ် သည့် အ တွက် ဖြစ် သည် ဟု မိန့် ဆို သော်၊ Judson Bible မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြောသောကြောင့် စိတ်ညှိုးငယ်သည်ဟု ဆို၏။ |
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ထိုအခါ မိဖုရားယေဇဗေလသည် သူ့ထံသို့ဝင်လာပြီး “အရှင်သည် အစားအစာမစားဘဲ စိတ်မကျေမနပ်ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း”ဟု မေးလျှင်
ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
ထို့နောက် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား စိတ်မသာမယာဖြင့် ခေါင်းကိုအုပ်လျက် မိမိအိမ်သို့အလျင်အမြန်ပြန်သွားလေ၏။
တည်ငြိမ်သောစိတ်နှလုံးသည် ကိုယ်ခန္ဓာ၏အသက်ဖြစ်၏။ မနာလိုဝန်တိုခြင်းမူကား အရိုးတို့ကိုဆွေးမြည့်စေတတ်၏။