အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
၃ ရာ 21:28 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယထံသို့ရောက်လာ၍ Common Language Bible ထာဝရဘုရားသည်ပရောဖက်ဧလိယအား၊- Garrad Bible တိ ရှ ဘိ မြို့ သား ဧ လိ ယ ထံ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရောက် ပြန် သည် ကား Judson Bible ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သားဧလိယသို့ ရောက်လာသည်ကား၊ |
အာဟပ်မင်းကြီးသည် ဧလိယစကားကို ကြားသောအခါ မင်းဝတ်တန်ဆာများကိုဆုတ်ဖြဲပစ်၍ လျှော်တေအဝတ်ကိုဝတ်ကာ အစာရှောင်လေ၏။ လျှော်တေအဝတ်နှင့်ပင်အိပ်၏။ လမ်းလျှောက်လျှင်လည်း မျက်နှာမဖော်ဝံ့။
“အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။
ဤသို့ မိမိကိုယ်ကိုနှိမ့်ချကြသည်ကို ထာဝရဘုရားမြင်တော်မူလျှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှေမာယထံရောက်လာပြန်၍ “သူတို့သည် မိမိကိုယ်ကိုနှိမ့်ချကြသောကြောင့် သူတို့ကို ငါမဖျက်ဆီး။ အသက်ချမ်းသာခွင့်ကိုကား ငါပေးမည်။ ရှိရှက်မင်းကြီးအားဖြင့် ငါ့အမျက်တော်ကို ဂျေရုဆလင်မြို့ပေါ်သို့ ငါသွန်ချမည်မဟုတ်။