ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
၃ ရာ 21:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ နာဗုတ်သည် ကျောက်ခဲနှင့်ပေါက်သတ်ခံရ၍ သေပြီဖြစ်ကြောင်းကို ယေဇဗေလကြားသိလျှင် အာဟပ်မင်းကြီးအား “နာဗုတ်အသက်မရှင်တော့ပါ။ သူသေပြီဖြစ်၍ သင် ငွေဖြင့်ဝယ်မည်ကို ရောင်းပေးရန်ငြင်းဆန်ခဲ့သော ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို ထ၍သိမ်းယူတော်မူပါ”ဟု လျှောက်တင်၏။ Common Language Bible ထိုသတင်းကိုရလျှင်ရခြင်းယေဇဗေလသည် အာဟပ်အား``နာဗုတ်သေပြီဖြစ်၍ယခုအရှင် သွား၍သူမရောင်းလိုသောစပျစ်ဥယျာဉ်ကို သိမ်းယူတော်မူပါလော့'' ဟုလျှောက်၏။- Garrad Bible ယေ ဇ ဗေ လ ကြား သိ သော်၊ တန် ဖိုး နှင့် မ ဆက် လို သော ယေ ဇ ရေ လ မြို့ သား နာ ဗုတ်၏ စ ပျစ် ခြံ ကို ထ၍ သိမ်း ယူ တော် မူ ပါ။ နာ ဗုတ် ကွယ် လွန်၍ သေ ဆုံး ပါ ပြီ ဟု လျှောက်၏။ Judson Bible ထိုအကြောင်းကို ယေဇဗေလသည်ကြားလျှင်၊ ယေဇရေလမြို့သားနာဗုတ် မရောင်းလိုသော စပျစ်ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟုဆို၏။ |
ယေဇရေလမြို့ရှိ ရှမာရိဘုရင်အာဟပ်မင်းကြီး၏နန်းတော်အနီးတွင် ယေဇရေလမြို့သားနာဗုတ်ပိုင်စပျစ်ခြံရှိ၏။
ထို့နောက် ယေဇဗေလထံသို့ လူလွှတ်၍ “နာဗုတ်ကို ကျောက်ခဲနှင့်ပေါက်သတ်၍ သူသေပါပြီ”ဟု သတင်းပို့၏။
နာဗုတ်သေပြီဟု အာဟပ်မင်းကြီးကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။
ထိုအခါ မိဖုရားယေဇဗေလက “မင်းကြီးသည် ယခု အစ္စရေးဘုရင်ဖြစ်သည်မဟုတ်လော။ ထ၍ အစာကိုစားတော်မူပါ။ စိတ်ကိုရွှင်လန်းအောင် ထားပါ။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို မင်းကြီးအား အကျွန်ုပ်ကိုယ်တိုင် ဆက်သပါမည်”ဟု လျှောက်ဆိုလေ၏။
ထိုအခါ ယဟောရံမင်းကြီးက “အသင့်ပြင်ကြလော့”ဟု အမိန့်ပေးသဖြင့် သူ၏စစ်ရထားကို အသင့်ပြင်ပေးကြ၏။ ထိုအခါ အစ္စရေးဘုရင်ယဟောရံမင်းကြီးနှင့် ယုဒဘုရင်အာခဇိမင်းကြီးတို့သည် အသီးသီးစစ်ရထားစီး၍ ယေဟုနှင့် တွေ့ဆုံရန် ထွက်သွားရာ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ဆုံကြ၏။
ယေဇဗေလလက်ဖြင့် သေဆုံးခဲ့ရသော ငါ့အစေအပါးပရောဖက်များ၊ ထာဝရဘုရား၏အစေအပါးများ အားလုံးတို့အတွက် ငါလက်တုံ့ပြန်မည်။ ထို့အတွက် သင်သည် သင့်သခင်အာဟပ်မင်းကြီး၏မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပစ်ရမည်။
အကယ်စင်စစ် သူတို့သည် ဆိုးယုတ်ခြင်းမုန့်ကိုစား၍ ရက်စက်ကြမ်းကြုတ်ခြင်းစပျစ်ဝိုင်ကို သောက်ကြ၏။