တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
၃ ရာ 20:41 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပရောဖက်သည် မိမိမျက်နှာတွင် အုပ်ထားသောပဝါကို အလျင်အမြန်ဖယ်လိုက်ရာ ပရောဖက်တစ်ပါးဖြစ်ကြောင်းကို အစ္စရေးဘုရင်သိရလေ၏။ Common Language Bible ထိုအခါပရောဖက်သည် မိမိ၏မျက်နှာမှ အဝတ်များကိုဆုတ်ဖြဲလိုက်သောအခါ မင်း ကြီးသည်ပရောဖက်တစ်ပါးဖြစ်ကြောင်း ကိုသိလေသည်။- Garrad Bible ပ ရော ဖက် သည် ပတ် စည်း သော အ ၀တ် ကို ရုတ် ခြင်း ဖြည် သ ဖြင့် ပ ရော ဖက် ဖြစ် ကြောင်း ဣ သ ရေ လ ဘု ရင် သိ မြင် လေ ၏။ Judson Bible ထိုပရောဖက်သည် မျက်နှာဖုံးပုဝါကို ချက်ချင်းပယ်သဖြင့်၊ ပရောဖက် တစ်စုံတစ်ပါးဖြစ်ကြောင်းကို ဣသရေလရှင်ဘုရင်သိ၏။ |
တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
ထိုအခါ ထိုပရောဖက်သည် မိမိမျက်နှာကို ပဝါဖြင့်အုပ်၍ ထွက်သွားပြီး ရှင်ဘုရင်ကြွအလာကို လမ်းဘေးတွင်စောင့်နေ၏။
ကျွန်တော်မျိုးလည်း ဟိုဟိုသည်သည် အလုပ်ရှုပ်နေစဉ် ထိုသူပျောက်သွားပါ၏”ဟု လျှောက်တင်၏။ ထိုအခါ အစ္စရေးဘုရင်ကလည်း သူ့အား “သင်ခံရမည့်ပြစ်ဒဏ်ကို သင်ကိုယ်တိုင် စီရင်ချက်ချလေပြီ”ဟု မိန့်ဆို၏။
ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ယောဘသည် အိုးခြမ်းပဲ့တစ်ခုကိုယူ၍ ပြာထဲတွင် ထိုင်လျက် မိမိကိုယ်ကိုကုတ်ခြစ်နေရလေ၏။
အို ငါ့လူမျိုးသမီးပျို၊ ပျက်စီးခြင်းသည် ငါတို့ထံ ရုတ်တရက်ရောက်လာမည်ဖြစ်၍ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာ၌လူးလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခါးသီးစွာငိုကြွေးလော့။