ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
၃ ရာ 18:32 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နာမတည်ရာ ကျောက်ယဇ်ပလ္လင်ကို တည်ပြီးလျှင် ယဇ်ပလ္လင်ပတ်ပတ်လည်တွင် မျိုးစေ့နှစ်စေအာလောက်ဆန့်သည့်မြောင်းတစ်ခုကို တူး၏။ Common Language Bible ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လျက် မျိုး နှစ် စိတ် ဝင်မြေ အ ကျယ် ပတ် လည် ၌ ကျုံး တူး ပြီး လျှင် Judson Bible ထာဝရဘုရား၏နာမတော်အဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သောကျုံးကို ယဇ်ပလ္လင်ပတ်လည်၌ တူးလေ၏။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ဤသို့ဖြင့် ယဇ်ပလ္လင်ပတ်ပတ်လည်တွင် ရေဝိုင်းနေပြီး မြောင်းထဲတွင်လည်း ရေပြည့်လေ၏။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
နောက်တစ်နေ့တွင် လူတို့သည် စောစောထ၍ ထိုနေရာတွင် ယဇ်ပလ္လင်ကိုတည်ကာ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
ဤကျောက်ပေါ်တွင် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုစနစ်တကျတည်လော့။ သင်ခုတ်လှဲခဲ့သောအာရှရနတ်ဘုရားမတံခွန်တိုင်သစ်သားဖြင့် ဒုတိယနွားထီးပျိုကို မီးရှို့ပူဇော်ရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။
ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။