ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
၃ ရာ 18:23 - မြန်မာ့စံမီသမ္မာကျမ်း ယခု ငါတို့ကို နွားထီးပျိုနှစ်ကောင်ပေးပါ။ နွားတစ်ကောင်ကို သူတို့အဖို့ ရွေးစေပါ။ ထိုနွားကို ခုတ်ပိုင်းပြီး မီးမမွှေးသေးဘဲထင်းပုံပေါ်တင်စေပါ။ ငါလည်း ကျန်နွားတစ်ကောင်ကို အသင့်ပြင်ပြီး မီးမမွှေးသေးဘဲ ထင်းပုံပေါ်တင်မည်။ Common Language Bible နွားလားဥသဘနှစ်ကောင်ကိုယူပြီးလျှင် တစ်ကောင်ကိုထိုသူတို့အားပေးကြလော့။ သူတို့သည်ထိုနွားကိုသတ်၍အပိုင်းပိုင်း ခုတ်ပြီးလျှင်ထင်းများအပေါ်တွင်တင်ထား ကြပါစေ။ သို့ရာတွင်မီးမညှိစေကြနှင့်။ ငါသည်အခြားနွားတစ်ကောင်ကိုထိုနည်း တူပြုမည်။- Garrad Bible သို့ ဖြစ်၍ ငါ တို့ နှစ် ဖက် သို့ နွား နှစ် ကောင် ကို ပေး လော့။ နှစ် ကောင် အ နက် တစ် ကောင် ကို သူ တို့ ရွေး ယူ လျက် မီး မ ထည့် သော ထင်း ပေါ် တွင် အ ပိုင်း ပိုင်း စီ ရင်၍ တင် ထား ကြ ပါ လေ စေ။ ငါ လည်း မီး မ ထည့် သော ထင်း ပေါ် တွင် တစ် ကောင် ကို စီ ရင် ၍ တင် ထား ပါ မည်။ Judson Bible နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည် တစ်ကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတစ်ကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။ |
ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
ထို့နောက် သင်တို့ဘုရား၏နာမကို ခေါ်ပါ။ ငါသည်လည်း ထာဝရဘုရား၏နာမကို ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေ”ဟု ဆို၏။ လူအပေါင်းတို့ကလည်း “ကောင်းပါပြီ”ဟု ဆိုကြ၏။
အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့်ထင်းများပေါ်၌ ခုတ်ဖြတ်ထားသောအပိုင်းများနှင့်အတူ ဦးခေါင်းနှင့်အဆီတို့ကို စီထားရမည်။