ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
၃ ရာ 18:14 - မြန်မာ့စံမီသမ္မာကျမ်း ယခုမှာ အရှင်က ‘သင့်သခင်ထံသွား၍ ဤအရပ်၌ ဧလိယရှိ၏’ဟု လျှောက်စေသဖြင့် အကျွန်ုပ်သွားလျှောက်လျှင် အကျွန်ုပ်ကို သူသတ်ပါလိမ့်မည်”ဟု ဆို၏။ Common Language Bible သို့ဖြစ်၍အရှင်သည်အဘယ်သို့လျှင် အကျွန်ုပ် အားမင်းကြီးထံသို့စေလွှတ်၍ ဤအရပ်တွင် အရှင်ရှိတော်မူကြောင်းလျှောက်ထားစေနိုင် ပါမည်နည်း။ သူသည်အကျွန်ုပ်အားသတ် ပါလိမ့်မည်'' ဟုဆို၏။ Garrad Bible ယ ခု မှာ ကိုယ် တော် က၊ သင့် သ ခင့် ထံ သွား၍ ဧ လိ ယ ရှိ ကြောင်း ကြား ပြော ရ မည် ဟု မိန့် တော် မူ သည် ဖြစ်၍ ကျွန် တော် ကို ကွပ် မျက် ပါ လိမ့် မည် ဟု ပြန် လျှောက် ရာ Judson Bible ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။ |
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ထိုအခါ ဧလိယက “ငါကိုးကွယ်သောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့ အာဟပ်မင်းကြီးနှင့် ငါအမှန်ပင်တွေ့မည်”ဟု သူ့အား ပြန်ပြော၏။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ထိုအခါ ရှမွေလက “အကျွန်ုပ် မည်သို့သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် အကျွန်ုပ်ကို သတ်ပါလိမ့်မည်”ဟု ပြန်လျှောက်ရာ ထာဝရဘုရားက “နွားအုပ်ထဲမှ နွားမတမ်းတစ်ကောင်ကိုယူ၍ ‘ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငါလာသည်’ဟု ဆိုလော့။