ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။
၃ ရာ 17:22 - မြန်မာ့စံမီသမ္မာကျမ်း ဧလိယ၏တောင်းလျှောက်သံအား ထာဝရဘုရားနားညောင်းတော်မူပြီး သူငယ်ကို အသက်ပြန်သွင်းပေး၍ သူငယ် အသက်ပြန်ရှင်လာလေ၏။ Common Language Bible ထာဝရဘုရားသည်ဧလိယ၏ပန်ကြား ချက်ကိုနားညောင်းတော်မူသဖြင့် ကလေး သည်ထွက်သက်ဝင်သက်ကိုပြန်လည်ရရှိ ကာအသက်ပြန်၍ရှင်လာလေသည်။ Garrad Bible ထပ် မံ ပြု သော ပ ဌ နာ ကို ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ သ ဖြင့် သူ ငယ် သည် သ ဇီ ဝ သ ဘော သို့ ပြန် ရောက် လေ ၏။ Judson Bible ဧလိယစကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက်ရှင်ပြန်၏။ |
ဧလိယသည် သူငယ်ကိုပွေ့ပြီး မိမိနေရာအထက်ခန်းမှ အောက်သို့ချီလာ၍ သူငယ်ကို မိခင်လက်သို့အပ်လိုက်ပြီး ဧလိယက “ကြည့်ပါ။ သင့်သား အသက်ပြန်ရှင်ပြီ”ဟု ဆို၏။
အစ္စရေးလူမျိုးတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်နေစဉ် ထိုဓားပြအဖွဲ့လာနေသည်ကို တွေ့သဖြင့် အလောင်းကို ဧလိရှဲ၏သင်္ချိုင်းတွင်းထဲသို့ ပစ်ချကြလေ၏။ ထိုအလောင်းမှာ ဧလိရှဲ၏အရိုးများနှင့် သွားထိသောအခါ အသက်ပြန်ဝင်လာ၍ မတ်တတ်ရပ်လေ၏။
ထို့နောက် ချဉ်းကပ်လျက် အလောင်းစင်ကို တို့ထိတော်မူရာ အလောင်းစင်ထမ်းသောသူတို့သည် ရပ်တန့်ကြ၏။ ထိုအခါ ကိုယ်တော်က“အချင်းလူငယ်၊ သင့်အား ငါဆိုမည်။ ထလော့”ဟု မိန့်တော်မူရာ
သို့သော် ကိုယ်တော်သည် သူငယ်မ၏လက်ကိုကိုင်လျက်“သူငယ်မ၊ ထလော့”ဟု ခေါ်တော်မူလျှင်
ထိုသို့မြွက်ဆိုတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့်“လာဇရု၊ ထွက်လာလော့”ဟု ဟစ်ခေါ်တော်မူ၏။
သူတို့သည် အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် သေလွန်သောသူတို့နှင့်အသက်ရှင်သောသူတို့၏အရှင်သခင်ဖြစ်ရန်အတွက် အသေခံတော်မူပြီးနောက် အသက်ပြန်ရှင်တော်မူ၏။
ငါသာလျှင် ဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် အသက်ကိုသေစေနိုင်၏၊ ရှင်စေနိုင်၏။ ငါသည် ဒဏ်ရာရစေနိုင်၏၊ ပျောက်ကင်းစေနိုင်၏။ မည်သူမျှ ငါ့လက်မှ မလွတ်မြောက်နိုင်။
မိန်းမတို့သည်လည်း သေသောသူတို့ထဲမှရှင်ပြန်ထမြောက်စေခြင်းခံရသည့် မိမိတို့နှင့်ဆိုင်သောသူတို့ကို ပြန်လည်ရရှိကြ၏။ လူအချို့တို့သည်လည်း သာ၍မြတ်သောရှင်ပြန်ထမြောက်ခြင်းကိုရရှိရန် လွတ်မြောက်ခြင်းကိုမခံယူဘဲ ပြင်းထန်သောနှိပ်စက်ခြင်းကိုခံယူကြ၏။
သို့သော် သုံးရက်ခွဲလွန်ပြီးသောအခါ ဘုရားသခင်ထံတော်မှဇီဝအသက်သည် ထိုသူတို့အထဲသို့ဝင်၍ သူတို့သည် မိမိတို့ခြေဖြင့်မတ်တပ်ရပ်ကြ၏။ ထိုသူတို့ကိုမြင်သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။
ထာဝရဘုရားသည် အသက်ကိုသေစေနိုင်၏။ အသက်ကို ရှင်စေနိုင်၏။ မရဏာနိုင်ငံသို့ ကျစေနိုင်၏။ မရဏာနိုင်ငံမှလည်း ထုတ်ဆောင်ပေးနိုင်၏။