ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
၃ ရာ 15:14 - မြန်မာ့စံမီသမ္မာကျမ်း အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း မိမိအသက်ရှင်သမျှကာလပတ်လုံး အာသမင်းကြီး၏စိတ်နှလုံးသည် ထာဝရဘုရားကို အကြွင်းမဲ့ကိုးစား၏။ Common Language Bible ရုပ်တုကိုးကွယ်ရာဌာနများကိုအကုန်အစင် မဖျက်ဆီးသော်လည်း အာသသည်ထာဝရဘုရား အားတစ်သက်လုံးသစ္စာစောင့်တော်မူပေသည်။- Garrad Bible မြင့် ရာ ဌာ န များ ကို မ ပယ် သော် လည်း အာ သ မင်း သည် လက် ထက် တော် ကာ လ ပတ် လုံး၊ ထာ ဝ ရ ဘု ရား အ ထံ တော်၌ စုံ လင် သော စိတ် ရှိ ၏။ Judson Bible မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။ |
ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
အဘိယံမင်းကြီးသည် သူ့အရင်ခမည်းတော်လျှောက်ခဲ့သည့်အပြစ်လမ်းအတိုင်း လိုက်လျှောက်၏။ သူ၏ဘေးတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်းမရှိ။
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။
ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။
ဤနေ့ကဲ့သို့ပင် ကိုယ်တော်၏ပြဋ္ဌာန်းချက်အတိုင်း လိုက်လျှောက်ရန်နှင့် ကိုယ်တော်၏ပညတ်တော်များကိုစောင့်ထိန်းရန် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့စိတ်နှလုံးအကြွင်းမဲ့ဝန်ခံကြပါစေသော”ဟူ၍ ဖြစ်၏။
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသဖြင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့တွင် ယဇ်ပူဇော်ခြင်း၊ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းတို့ကို ပြုကြ၏။
အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ဆက်လက်၍ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက် ရှိကြ၏။
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားသောကြောင့် လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာတို့၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက် ရှိကြ၏။
သူသည် တိုင်းတစ်ပါးဘုရားများ၏ယဇ်ပလ္လင်များနှင့် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပစ်၏။ ကျောက်တိုင်များကို ချိုးဖျက်ပြီး အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်၏။
ယုဒမြို့ရွာတို့တွင် အထွတ်အမြတ်ထားရာနေရာများ၊ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်များကိုလည်း ဖယ်ရှားပစ်၏။ သူ့လက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာလျက် ရှိ၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း စိတ်နှလုံးအကြွင်းမဲ့နှင့်မဟုတ်ချေ။