ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
၃ ရာ 14:30 - မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။ Common Language Bible ရောဗောင်နှင့်ယေရောဗောင်တို့သည်အဆက် မပြတ်စစ်ဖြစ်လျက်နေခဲ့ကြ၏။- Garrad Bible ရော ဗောင် မင်း နှင့် ယေ ရော ဗောင် မင်း တို့ သည် အ စဉ် စစ် ဖြစ် ကြ ၏။ Judson Bible ရောဗောင်နှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ |
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ပြီး ရှောလမုန်မင်းကြီး၏သားတော် ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်တစ်နွယ်လုံးနှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကို အစ္စရေးအမျိုးသားတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း အသီးသီး ပြန်သွားကြလေ၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အာသမင်းကြီးနှင့် အစ္စရေးဘုရင်ဗာရှာမင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။