ထိုအခါ ရှောလမုန်မင်းကြီးသည် ယေရောဗောင်ကို သတ်ဖို့ကြံစည်လေ၏။ သို့သော် ယေရောဗောင်သည် ထ၍ အီဂျစ်ပြည်သို့ထွက်ပြေးသွားပြီး အီဂျစ်ဘုရင်ရှိရှက်မင်းကြီးထံခိုဝင်ကာ ရှောလမုန်မင်းကြီးအနိစ္စရောက်သည်အထိ အီဂျစ်ပြည်တွင် နေထိုင်လေ၏။
၃ ရာ 14:25 - မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ချီလာ၍ ဂျေရုဆလင်မြို့ကို တိုက်ခိုက်၏။ Common Language Bible ရောဗောင်နန်းစံငါးနှစ်မြောက်၌ အီဂျစ်ဘုရင် ရှိရှက်သည်ယေရုရှလင်မြို့ကိုတိုက်ခိုက်ပြီး လျှင်၊- Garrad Bible ရော ဗောင် မင်း နန်း စံ ငါး နှစ် တွင် အိ ဂျစ် ဘု ရင် ရှိ ရှက် မင်း သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက် ၍ Judson Bible ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊ |
ထိုအခါ ရှောလမုန်မင်းကြီးသည် ယေရောဗောင်ကို သတ်ဖို့ကြံစည်လေ၏။ သို့သော် ယေရောဗောင်သည် ထ၍ အီဂျစ်ပြည်သို့ထွက်ပြေးသွားပြီး အီဂျစ်ဘုရင်ရှိရှက်မင်းကြီးထံခိုဝင်ကာ ရှောလမုန်မင်းကြီးအနိစ္စရောက်သည်အထိ အီဂျစ်ပြည်တွင် နေထိုင်လေ၏။
အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့ကို လာရောက်တိုက်ခိုက်သောအခါ ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ယူဆောင်သွား၏။ ထိုအရာအားလုံးကိုယူဆောင်သွားသည့်အပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သော ရွှေဒိုင်းလွှားများကိုလည်း ယူဆောင်သွား၏။