ထာဝရဘုရားသည် တစ်နေ့တွင် ယေရောဗောင်မင်းမျိုးမင်းနွယ်ကို ပယ်ရှင်းမည့်ရှင်ဘုရင်တစ်ပါး အစ္စရေးလူမျိုးထဲမှ ပေါ်ထွန်းစေမည်။ မည်သည့်အချိန်နည်းဆိုလျှင် ယခုပင်ဖြစ်၏။
ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
ထာ ဝ ရ ဘု ရား သည် အ ချိန် စေ့ သည့် အ လျောက် ယေ ရော ဗောင် မင်း မျိုး ကို ပယ် ရှား အံ့ သော ဣ သ ရေ ဘု ရင် တစ် ပါး ပေါ် ထွန်း စေ တော် မူ မည် ကား
အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတ္တံ့သော ဣသရေလရှင်ဘုရင်တစ်ပါးကို ထာဝရဘုရားသည် မိမိတို့အဖို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။
ဆိုးယုတ်သောသူတို့မူကား ပြည်တော်မှ ဖယ်ရှားခြင်းခံရ၍ သစ္စာမဲ့သောသူတို့သည် ထိုပြည်မှနုတ်ပယ်ခြင်းခံရလိမ့်မည်။
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
ညီအစ်ကိုတို့၊ စီရင်ခြင်းမခံရမည့်အကြောင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ညည်းညူခြင်းကိုမပြုကြနှင့်။ ကြည့်ကြလော့။ တရားစီရင်သောအရှင်သည် တံခါးရှေ့၌ရပ်နေတော်မူပြီ။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။