အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၃ ရာ 13:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည်​လည်း ထွက်သွား​၍ လမ်း​ပေါ်တွင် လဲကျ​နေ​သော​အလောင်း​နှင့် အလောင်း​ဘေး​တွင်​ရပ်​နေ​သော မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​၏​။ ခြင်္သေ့​သည် အသေကောင်​ကို​မ​စား​၊ မြည်း​ကို​လည်း မ​ကိုက်​ပေ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ခ ရီး အ ကြား လဲ ရှိ သော အ လောင်း၊ ရပ် နေ သည့် မြည်း နှင့် ခြင်္သေ့ တို့ ကို တွေ့ ရာ ခြင်္သေ့ သည် အ လောင်း ကို မ စား၊ မြည်း ကို လည်း မ ကိုက် မ ဖြတ် ချေ။

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ရော​ဖက်​သွား၍ အ​သေ​ကောင်​သည် လမ်း၌​လဲ​လျက်၊ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ ရပ်​နေ​လျက်​ရှိ​သည်​ကို တွေ့၏။ ခြင်္သေ့​သည် အ​သေ​ကောင်​ကို မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။

အခန်းကိုကြည့်ပါ။



၃ ရာ 13:28
14 ပူးပေါင်းရင်းမြစ်များ  

သူ့​သား​တို့​အား “​ငါ့​အတွက် မြည်း​ကို​ကုန်းနှီးတင်​ပေး​ကြ​ပါ​”​ဟု ဆို​သဖြင့် သူ​တို့​က​လည်း ကုန်းနှီးတင်​ပေး​ကြ​၏​။


ပရောဖက်​သည် ဘုရားသခင့်​လူ​၏​အလောင်း​ကို​မ​၍ မြည်း​ပေါ်​ပွေ့တင်​ပြီး ပြန်​သယ်လာ​၏​။ အသက်ကြီး​သော​ပရောဖက်​သည် သူ​နေထိုင်​ရာ​မြို့​သို့​ပြန်လာ​ပြီး သူ့​အတွက် ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လျက် သူ့​ကို​သင်္ဂြိုဟ်​လေ​၏​။


ထို​ချောင်းရေ​ကို သောက်​ရ​မည်​။ ထို​နေရာ​တွင် သင့်​ကို​ကျွေးမွေး​ရန် ကျီးအ​တို့​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။


ကျီးအ​တို့​သည် သူ့​အတွက် အသား​နှင့်​မုန့်​တို့​ကို နံနက်​တစ်​ကြိမ်​၊ ညနေ​တစ်​ကြိမ် ယူဆောင်​လာ​ပေး​၏​။ ထို​ချောင်း​မှ​ရေ​ကို သူ​သောက်​၏​။


ပင်လယ်​အား ‘​သင်​တက်လာ​နိုင်​၏​။ ဤ​နေရာ​ထက်​မ​ကျော်​ရ​၊ ဤ​နေရာ​သည် လှိုင်းလုံး​ကြီး​များ​ရှိ​ရ​မည့်​နေရာ ဖြစ်​၏​’​ဟု ငါ​မှာထား​၏​။


ပြင်းထန်​သော​ဘုရင့်​အမိန့်​တော်​ကြောင့် ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​ကို ဆွဲခေါ်​လာ​သူ​တို့​ပင် မီးပြင်းဖို​မှ မီး​လျှံ​အပူရှိန်​ကြောင့် သေ​ကြ​ကုန်​၏​။


ထို့ကြောင့် ထာဝရဘုရား​ထံ​တော်​မှ မီး​ထွက်လာ​၍ သူ​တို့​ကို​လောင်ကျွမ်း​သဖြင့် သူ​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ သေ​ကြ​လေ​၏​။


ထို့ကြောင့် သူ​တို့​သည် လာ​၍ မောရှေ​ပြော​သည့်​အတိုင်း အလောင်း​တို့​ကို သင်တိုင်း​နှင့်တကွ တပ်စခန်း​အပြင်ဘက်​သို့ သယ်ဆောင်​သွား​ကြ​၏​။


ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။