ရှောလမုန်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ဆိုးညစ်သောအမှုကိုပြု၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားချေ။
ထာဝရဘုရားရှေ့တော်တွင်ဒုစရိုက်ကိုပြု လျက် ခမည်းတော်ဒါဝိဒ်ကဲ့သို့ထာဝရဘုရား ထံလုံးဝဆည်းကပ်ကိုးကွယ်ခြင်းမပြုပေ။-
ထာ ဝ ရ ဘု ရား နောက် ခ မည်း တော် ဒါ ဝိဒ် မင်း စိတ် ပါ ကိုယ် ရောက် လိုက် ရှာ သည့် နည်း တူ၊ မ လိုက် မ ရှာ၊ မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် လေ ၏။
ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံးမဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကို ပြုလေ၏။
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ရှောလမုန်မင်းကြီးသည် ဆီဒုန်လူမျိုးတို့၏အာရှတရက်နတ်ဘုရားမ၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မိလကုံဘုရားတို့၏နောက်သို့လိုက်လေ၏။
ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။
သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း၊ သင်သည် ငါမိန့်မှာထားသည့်အတိုင်း လုပ်ဆောင်၍ ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျက် ငါ့ရှေ့မှောက်တွင် စိတ်နှလုံးတည်ကြည်ဖြောင့်မတ်စွာ အသက်ရှင်လျှောက်လှမ်းလျှင်
ငါ့အစေအပါးကာလက်မူကား ခြားနားသောစိတ်ဝိညာဉ်ရှိပြီး ငါ့နောက်သို့လုံးလုံးလိုက်သောကြောင့် ငါသည် သူသွားခဲ့သောပြည်သို့ သူ့ကိုပို့ဆောင်၍ သူ့သားမြေးတို့သည် ထိုပြည်ကိုအမွေဆက်ခံရလိမ့်မည်။
ထိုသို့ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစိုက်လိုက်သောကြောင့် ဟေဗြုန်မြို့သည် ယနေ့တိုင်အောင် သူ၏အမွေမြေဖြစ်လေ၏။
သို့သော် အကျွန်ုပ်နှင့်အတူ လိုက်သွားသောညီအစ်ကိုတို့သည် လူတို့ကို စိတ်ပျက်အားလျော့စေခဲ့ပါ၏။ အကျွန်ုပ်ကား ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစ်စိုက်လိုက်ပါ၏။