ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကို ဖြေကြားနိုင်၏။ မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။
၃ ရာ 10:4 - မြန်မာ့စံမီသမ္မာကျမ်း ရှေဘဘုရင်မသည် ဉာဏ်ပညာအလုံးစုံနှင့်ပြည့်စုံသောရှောလမုန်မင်းကြီးနှင့် သူတည်ဆောက်သောနန်းတော်၊ Common Language Bible ဘုရင်မသည်မင်းကြီးဉာဏ်ပညာရှိပုံ၊ မင်းကြီး ဆောက်လုပ်ထားသည့်နန်းတော်၊ သူကျွေးမွေးသည့် အစားအစာ၊ မှူးမတ်များနေထိုင်ရန်အဆောက် အအုံများ၊ နန်းတွင်းအရာရှိအစေခံများကို စီမံခန့်ခွဲပုံနှင့်သူတို့ဝတ်ဆင်ထားသောဆင် တူဝတ်စုံများ၊ စားသောက်ပွဲများတွင်မင်းကြီး အားလုပ်ကျွေးရသည့်အစေအပါးများ၊ ဗိမာန်တော်တွင်ပူဇော်ထားသည့်ယဇ်များကို မြင်သောအခါအံ့သြတွေဝေ၍သွားလေသည်။- Garrad Bible ရှေ ဘ ဘု ရင် မ သည် ရှော လ မုန် မင်း ၏ ဉာဏ် ပ ညာ၊ တည် ဆောက် ပြီး နန်း တော်၊ Judson Bible ရှေဘမိဖုရားသည် ရှောလမုန်၏ပညာအလုံးစုံကိုလည်းကောင်း၊ တည်ဆောက်သော အိမ်တော်ကိုလည်းကောင်း၊ |
ရှောလမုန်မင်းကြီးသည် သူမေးသမျှမေးခွန်းတို့ကို ဖြေကြားနိုင်၏။ မင်းကြီးအဖို့ မဖြေနိုင်လောက်အောင် ခက်ခဲသည့်မေးခွန်းဟူ၍ တစ်ခုမျှမရှိ။
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ထိုမျှမက ဒေသနာဆရာသည် ပညာရှိဖြစ်သည့်အလျောက် လူတို့အား အသိပညာကိုလည်း သင်ကြားပေး၏။ သူသည် ချင့်ချိန်တွေးဆ၍ ရှာဖွေစူးစမ်းပြီး များစွာသောသုတ္တံစကားတို့ကို စီကုံးရေးသားခဲ့၏။
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။