ထိုပလ္လင်သည် လှေကားခြောက်ထစ်ရှိပြီး နောက်မှီထိပ်သည် အဝိုင်းပုံဖြစ်၏။ ထိုင်ခုံ၏ဘေးတစ်ဖက်တစ်ချက်တွင် လက်ရန်းများပါရှိပြီး လက်ရန်းဘေးနားတွင် ရပ်နေသောခြင်္သေ့ရုပ်နှစ်ရုပ်ရှိ၏။
၃ ရာ 10:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ရှင်ဘုရင်သည် ဆင်စွယ်ရာဇပလ္လင်ကြီးကို ထုလုပ်ပြီး ရွှေစင်ဖြင့်မွမ်းမံထား၏။ Common Language Bible မင်းကြီးသည်ရွှေစင်ဖြင့်မွမ်းမံထားသည့် ဆင် စွယ်ရာဇပလ္လင်ကြီးကိုလည်းပြုလုပ်တော်မူ၏။- Garrad Bible ဆင် စွယ် ဖြင့် ပြီး သော ရွှေ စင် မွမ်း မ ဟာ ရာ ဇ ပ လ္လင် တော် ကို တည် လုပ် သည် မှာ Judson Bible ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီးကိုလုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။ |
ထိုပလ္လင်သည် လှေကားခြောက်ထစ်ရှိပြီး နောက်မှီထိပ်သည် အဝိုင်းပုံဖြစ်၏။ ထိုင်ခုံ၏ဘေးတစ်ဖက်တစ်ချက်တွင် လက်ရန်းများပါရှိပြီး လက်ရန်းဘေးနားတွင် ရပ်နေသောခြင်္သေ့ရုပ်နှစ်ရုပ်ရှိ၏။
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟိရံမင်းကြီးပိုင်သင်္ဘောနှင့်အတူ ပင်လယ်တွင် ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါ ပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ကျန်ရှိနေသော အာဟပ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာဟူသမျှ၊ ဆင်စွယ်နန်းတော်တည်ဆောက်ခဲ့ပုံ၊ မြို့များတည်ခဲ့ပုံတို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ထိုအရပ်၌ တရားစီရင်ရာပလ္လင်များတည်းဟူသော ဒါဝိဒ်အမျိုးအနွယ်၏ပလ္လင်များရှိ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်တော်သည် ကာလအစဉ်အဆက်တည်၍ တရားမျှတသောရာဇလှံတံသည် ကိုယ်တော့်နိုင်ငံတော်၏ရာဇလှံတံဖြစ်ပါ၏။
ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။
သင်တို့သည် ဆင်စွယ်ခုတင်တွင် အိပ်လျက်၊ ညောင်စောင်းပေါ်တွင် လဲလျောင်းလျက်၊ သိုးအုပ်ထဲမှသိုးသငယ်များနှင့် တင်းကုပ်ထဲမှနွားသငယ်များကို သတ်စားလျက်၊
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်ပစ္စည်းအမျိုးမျိုး၊ အဖိုးတန်သောသစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်သောပစ္စည်းအမျိုးမျိုး၊
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။