အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
၃ ယော 1:9 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် အသင်းတော်ထံသို့ စာအနည်းငယ်ရေးခဲ့သော်လည်း သူတို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ငါတို့ကိုလက်မခံ။ Common Language Bible ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။- Garrad Bible အ သင်း တော့် ထံ အ နည်း ငယ် ငါ ရေး လိုက် ရာ အ ကြီး အ မှူး ဖြစ် လို သူ ဒ ယော တ ရပ် သည် ငါ တို့ ကို အ ရေး မ ယူ။ Judson Bible အသင်းတော်ထံသို့ မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အား အခွင့်မပေး။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာကို ကျွန်ုပ်သည် အသင်းတော်ထံသို့ စာရေးခဲ့သော်လည်း ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ကျွန်ုပ်တို့ကို လက်မခံခဲ့ပေ။ |
အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမှာ မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်း၌ အချင်းချင်းအချေအတင်ပြောဆိုခဲ့ကြသောကြောင့်ဖြစ်၏။
“ဤသို့သောကလေးသူငယ်များထဲမှ တစ်စုံတစ်ဦးကို ငါ၏နာမ၌လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုမဟုတ်ဘဲ ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏”ဟု မိန့်တော်မူ၏။
“ဤသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် ကြီးမြတ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ညီအစ်ကိုချင်းချစ်သောမေတ္တာအားဖြင့် အချင်းချင်းချစ်ခင်ကြင်နာကြ၍ ရိုသေသမှုပြုခြင်း၌ သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု မှတ်ယူကြလော့။
ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။
ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် သူတို့နှင့်အတူလုပ်ဆောင်သောသူဖြစ်ကြရန် သူတို့ကိုကူညီထောက်ပံ့သင့်၏။