ထိုပလ္လင်သည် လှေကားခြောက်ထစ်ရှိပြီး ပလ္လင်တော်နှင့်ရွှေခြေတင်ခုံမှာ တစ်ဆက်တည်းဖြစ်၏။ ထိုင်ခုံ၏ဘေးတစ်ဖက်တစ်ချက်တွင် လက်ရန်းများပါရှိပြီး လက်ရန်းဘေးနားတွင် ရပ်နေသောခြင်္သေ့ရုပ်နှစ်ရုပ်ရှိ၏။
၂ ရာချုပ် 9:19 - မြန်မာ့စံမီသမ္မာကျမ်း လှေကားထစ်ခြောက်ထစ်တွင် တစ်ထစ်စီ၏ထိပ်တစ်ဖက်စီတွင် ရပ်နေသောခြင်္သေ့ရုပ်တစ်ရုပ်စီ စုစုပေါင်းခြင်္သေ့ရုပ်တစ်ဆယ့်နှစ်ရုပ်ပါရှိ၏။ ထိုကဲ့သို့သောပလ္လင်မျိုးသည် မည်သည့်တိုင်းပြည်တွင်မျှမရှိ။ Common Language Bible လှေကားထစ်များ၏အစွန်းတစ်ဖက်တစ်ချက် စီတွင်ခြင်္သေ့ရုပ်တစ်ကောင်စီဖြင့်ခြင်္သေ့ရုပ်တစ် ဆယ့်နှစ်ကောင်ရှိလေသည်။ အခြားအဘယ် တိုင်းပြည်တွင်မျှဤကဲ့သို့သောရာဇပလ္လင် မျိုးမရှိခဲ့ဘူးချေ။ Garrad Bible အ ခြေ ခြောက် ဆင့် ဝဲ ယာ အ စွန်း ပေါ် တွင် လည်း ရပ် ဟန် ခြင်္သေ့ ဆယ့် နှစ် စီး ကို တင်၏။ ထို သို့ သော ရာ ဇ ပလ္လင် သည် အ ဘယ် တိုင်း နိုင် ငံ၌ မျှ မ ရှိ။ Judson Bible လှေကားခြောက်ထစ်အပေါ်တွင်၊ တစ်ဖက်တစ်ချက်၌လည်း ခြင်္သေ့တစ်ဆယ်နှစ်ကောင် ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှ မရှိ။ |
ထိုပလ္လင်သည် လှေကားခြောက်ထစ်ရှိပြီး ပလ္လင်တော်နှင့်ရွှေခြေတင်ခုံမှာ တစ်ဆက်တည်းဖြစ်၏။ ထိုင်ခုံ၏ဘေးတစ်ဖက်တစ်ချက်တွင် လက်ရန်းများပါရှိပြီး လက်ရန်းဘေးနားတွင် ရပ်နေသောခြင်္သေ့ရုပ်နှစ်ရုပ်ရှိ၏။
ရှောလမုန်မင်းကြီး၏ဖလားအသုံးအဆောင်အားလုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ လက်ဘနွန်တောစံနန်းဆောင်၏အသုံးအဆောင်အားလုံးမှာလည်း ရွှေစင်ဖြင့်ပြုလုပ်ထား၏။ ငွေထည်ပစ္စည်းတစ်ခုမျှမရှိ။ ရှောလမုန်မင်းကြီးလက်ထက်တွင် ငွေသည် တန်ဖိုးမရှိဟု မှတ်ယူကြ၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။
ထိုမြို့တွင် ကြီးမား၍မြင့်လှသောမြို့ရိုးရှိလျက် တံခါးတစ်ဆယ့်နှစ်ပေါက်ရှိ၏။ တံခါးများတွင် ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးရှိ၍ ထိုတံခါးများပေါ်၌ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုတစ်ဆယ့်နှစ်နွယ်တို့၏အမည်နာမများကို ရေးထိုးထား၏။