ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့ထံမှလည်း ရရှိသေး၏။
၂ ရာချုပ် 9:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့သည်လည်း ရှောလမုန်မင်းကြီးထံ ရွှေငွေများကို ယူဆောင်လာပေး၏။ Judson Bible ထိုမှတစ်ပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သောရွှေ ရှိသေး၏။ |
ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့ထံမှလည်း ရရှိသေး၏။
ဖိလိတ္တိလူမျိုးတို့သည် ယောရှဖတ်မင်းကြီးအား ဆက်ကြေးအဖြစ် လက်ဆောင်ပဏ္ဏာများ၊ ငွေများကို ဆက်သကြ၏။ အာရပ်လူမျိုးတို့သည်လည်း သိုးထီးခုနစ်ထောင့်ခုနစ်ရာ၊ ဆိတ်ထီးခုနစ်ထောင့်ခုနစ်ရာတို့ကို ဆက်သကြ၏။
ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်ပါဝင်၏။
ဂျေရုဆလင်မြို့ရှိ ကိုယ်တော်၏ဗိမာန်တော်ကြောင့် ရှင်ဘုရင်တို့သည် ကိုယ်တော့်ထံသို့ လက်ဆောင်ပဏ္ဏာယူဆောင်လာကြပါလိမ့်မည်။
ကျူတောသားရဲတိရစ္ဆာန်နှင့် လူမျိုးနွားသငယ်များအလယ်ရှိ နွားလားအုပ်ကြီးတို့ကို ဆုံးမတော်မူပါ။ ငွေချောင်းများရှိသောသူကို ခြေဖြင့်နင်းချေလျက် စစ်မက်ကိုနှစ်သက်သောလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူပါ။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။