ရှောလမုန်မင်းကြီးထံ နှစ်စဉ်ရောက်လာသောရွှေအလေးချိန်မှာ ရွှေတာလန်ခြောက်ရာခြောက်ဆယ်ခြောက်တာလန်ရှိ၏။
ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-
ကူး သန်း ရောင်း ဝယ် သော ကုန် သည် တို့ အပ် ပေး ရ သော ကြေး ငွေ ပြင်၊ ရှော လ မုန် မင်း ထံ နှစ် စဉ် ဆက် သွင်း ရ သော ရွှေ ချိန် ကား၊ ခွက် နှစ် သောင်း ခန့် တည်း။ အာ ရပ် စော် ဘွား တို့ နှင့် ဝန် မင်း ရှိ သ မျှ တို့ သည် ရှော လ မုန် မင်း ထံ ရွှေ ငွေ များ ကို ဆက် သွင်း ရ ကြ ၏။
ရှောလမုန်ထံသို့ တစ်နှစ်တစ်နှစ်လျှင် ရောက်သောရွှေအချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက်ပိဿာဖြစ်သတည်း။
ဟုရံမင်းကြီးသည် ပင်လယ်ပြင်အကြောင်းသိနားလည်သော မိမိအမှုထမ်းသင်္ဘောသားများနှင့်တကွ သင်္ဘောများကို ရှောလမုန်မင်းကြီးထံ စေလွှတ်၍ ရှောလမုန်မင်းကြီး၏အမှုထမ်းတို့နှင့်အတူ ဩဖိရမြို့သို့ ရွက်လွှင့်သွားကြပြီး ရွှေတာလန်လေးရာ့ငါးဆယ်ယူဆောင်လာ၍ ရှောလမုန်မင်းကြီးကို ဆက်သကြ၏။
ရှောလမုန်မင်းကြီးသည်လည်း ရှေဘဘုရင်မအား စေတနာအလျောက် လက်ဆောင်များကိုပေးသည့်အပြင် သူအလိုရှိသမျှ၊ တောင်းသမျှတို့ကိုလည်း ပေးသေး၏။ ထို့နောက် သူသည် မိမိနောက်လိုက်ဗိုလ်ပါများနှင့်အတူ မိမိပြည်သို့ ပြန်သွားလေ၏။
ဂျေရုဆလင်မြို့ရှိ ကိုယ်တော်၏ဗိမာန်တော်ကြောင့် ရှင်ဘုရင်တို့သည် ကိုယ်တော့်ထံသို့ လက်ဆောင်ပဏ္ဏာယူဆောင်လာကြပါလိမ့်မည်။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
သူသည် သက်တော်ရှည်ပါစေသော။ လူတို့သည် ရှေဘရွှေကို သူ့အားဆက်သ၍ သူ့အတွက် အစဉ်မပြတ်ဆုတောင်းပေးကာ သူ့ကိုတစ်နေ့လုံးကောင်းချီးပေးကြပါစေသော။