မင်းမှုထမ်းတို့ကိုကြီးကြပ်သော ရှောလမုန်မင်းကြီး၏မှူးမတ်အကြီးအကဲ အယောက်နှစ်ရာ့ငါးဆယ်ရှိ၏။
၂ ရာချုပ် 8:9 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ကျွန်အဖြစ်မထားရှိဘဲ စစ်သူရဲများ၊ မင်းမှုထမ်းများ၊ အကြီးအကဲများ၊ တပ်မှူးများ၊ ရထားမှူးများ၊ မြင်းစီးသူရဲများအဖြစ် ထားရှိ၏။ Common Language Bible မင်းကြီးသည်အဘယ်ဣသရေလအမျိုးသား ကိုမျှချွေးတပ်တွင်အသုံးပြုတော်မမူ။ သူ တို့သည်စစ်သူရဲများ၊ တပ်မှူးများ၊ စစ်ရထား မှူးများနှင့် မြင်းစီးသူရဲများအဖြစ်ဖြင့် အမှုထမ်းရကြလေသည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ ကို လ မိုင်း အ မှု ထမ်း မ ဖွဲ့ ဘဲ ရဲ မက် တော်၊ စစ် ကဲ ချုပ်၊ ရ ထား တပ် ဗိုလ်၊ မြင်း တပ် ဗိုလ် ရာ ထူး များ တွင် သာ ခန့် ထား လေ ၏။ Judson Bible ဣသရေလ အမျိုးသားတို့ကိုကား၊ ရှောလမုန်သည် အမှုတော်ထမ်းကျွန် မခံစေ။ စစ်သူရဲ၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထားတော်မူ၏။ |
မင်းမှုထမ်းတို့ကိုကြီးကြပ်သော ရှောလမုန်မင်းကြီး၏မှူးမတ်အကြီးအကဲ အယောက်နှစ်ရာ့ငါးဆယ်ရှိ၏။
အစ္စရေးအမျိုးသားတို့ အကုန်အစင်မသုတ်သင်နိုင်ခဲ့ဘဲ တိုင်းပြည်တွင်ကြွင်းကျန်နေခဲ့သောသူတို့၏သားမြေးများကို ရှောလမုန်မင်းကြီးသည် အလုပ်ကြမ်းသမားများအဖြစ် ယနေ့တိုင်အောင်ထားရှိ၏။
သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားသမီးများမဟုတ်ဘဲ လွတ်လပ်သောမိန်းမ၏သားသမီးများဖြစ်ကြ၏။