ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
၂ ရာချုပ် 8:13 - မြန်မာ့စံမီသမ္မာကျမ်း မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။ Common Language Bible သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။- Garrad Bible မော ရှေ ပ ညတ် အ တိုင်း နေ့ စဉ် ပူ ဇော် ထိုက် သ မျှ သော မီး ရှို့ ရာ သ က္ကာ များ ကို ဆက် ကပ် လျက် ဥ ပုသ် နေ့၊ လ ဆန်း နေ့ များ ပြင် တစ် နှစ် သုံး ကြိမ် ပြု မြဲ တ ဆေး မဲ့ မုန့် ပွဲ၊ သိ တင်း ပွဲ၊ တဲ နေ ပွဲ နေ့ များ၌ ပူ ဇော် လေ့ ရှိ ၏။ Judson Bible ထိုမှတစ်ပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌လည်းကောင်း၊ အဇုမပွဲ၊ ခုနစ်သီတင်းပွဲ၊ သကေနေပွဲတည်းဟူသော တစ်နှစ်တစ်နှစ်လျှင် ဓမ္မပွဲသုံးပွဲခံသောနေ့၌လည်းကောင်း ယဇ်ပူဇော်လေ့ရှိ၏။ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် တိုင်ရာဘုရင်ဟုရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးအား သူစံမြန်းရာနန်းတော်ကိုဆောက်လုပ်ရန်အတွက် သစ်ကတိုးသားများကို အရှင်မင်းကြီးပို့ပေးခဲ့သည့်နည်းတူ အကျွန်ုပ်ထံသို့လည်း ပို့ပေးပါလော့။
သုံ့ပန်းဘဝမှလွတ်မြောက်၍ပြန်လာသောလူအုပ်ကြီးကလည်း ယာယီတဲများကိုဆောက်လုပ်၍ ထိုတဲများတွင် နေထိုင်ကြ၏။ နုန်၏သားယောရှုလက်ထက်မှစ၍ ဤနေ့ရက်အထိ အစ္စရေးအမျိုးသားတို့သည် ထိုသို့ မကျင်းပဖူးသောကြောင့် လွန်စွာအားရဝမ်းမြောက်ကြ၏။
ဂျုံရိတ်သိမ်းရာကာလ၏အဦးဆုံးသီးနှံဖြင့် ခုနစ်သီတင်းမြောက်ပွဲတော်ကိုလည်းကောင်း၊ နှစ်ဆန်း၌ စုသိမ်းရာပွဲတော်ကိုလည်းကောင်း သင်ကျင်းပရမည်။
ယောက်ျားအပေါင်းတို့သည် အစ္စရေးလူမျိုး၏ဘုရားဖြစ်သော ထာဝရဘုရားသခင်ရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ် မျက်နှာလာပြရမည်။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။