အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်ရန် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး စိတ်ဆန္ဒရှိခဲ့၏။
၂ ရာချုပ် 6:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင်စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။ Common Language Bible ထာဝရဘုရားကသူ့အား`ငါ့အဖို့ဗိမာန် တော်တည်ဆောက်ရန်သင်ဆန္ဒပြုသည်မှာ လျောက်ပတ်ပေသည်။- Garrad Bible ထာ ဝ ရ ဘု ရား က၊ ငါ့ နာ မ အ ဖို့ ဗိ မာန် တော် တည် ဆောက် ရန် ကြံ ရွယ် သည် ကား သင့် မြတ် ၏။ Judson Bible ထာဝရဘုရားက၊ သင်သည် ငါ့နာမအဖို့ အိမ်ကိုတည်ဆောက်ခြင်းငှာ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကို ပြုပြီ။ |
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်ရန် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး စိတ်ဆန္ဒရှိခဲ့၏။
သို့သော် အိမ်တော်ကို သင်မတည်ဆောက်ရ။ သင့်ရင်သွေး၊ သင့်သားသာလျှင် ငါ့နာမအဖို့ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ဟု မိန့်ဆိုခဲ့၏။
သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။