တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီတင်ထား၏။
၂ ရာချုပ် 4:6 - မြန်မာ့စံမီသမ္မာကျမ်း ဆေးကြောရန်အတွက် အင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး ထားရှိ၏။ မီးရှို့ရာယဇ်နှင့်ဆိုင်သောအကောင်များကို ထိုအင်တုံများတွင် ဆေးကြောရ၏။ ယဇ်ပုရောဟိတ်များမူကား ရေကန်ထဲတွင် ဆေးကြောသန့်စင်ရ၏။ Common Language Bible သူတို့သည်ဗိမာန်တော်တောင်ဘက်တွင်ငါးလုံး နှင့်မြောက်ဘက်တွင် ငါးလုံးထားရှိရန်အင်တုံ ဆယ်လုံးကိုလည်းပြုလုပ်လေသည်။ ထိုအင်တုံ တို့သည်မီးရှို့ပူဇော်ရာယဇ်ကောင်များ၏ အစိတ်အပိုင်းတို့ကိုဆေးကြောရန်အတွက် ဖြစ်၏။ ရေကန်မူကားယဇ်ပုရောဟိတ်တို့ ဆေးကြောရန်အတွက်ဖြစ်လေသည်။ Garrad Bible အင် တုံ ဆယ် လုံး သွန်း လုပ်၍ မီး ရှို့ ရာ သ က္ကာ နှင့် ဆိုင် သော အ ရာ ရာ ကို ဆေး ကြော သုတ် သင် ရန် ဝဲ ယာ ငါး လုံး စီ ထား စေ ၏။ ရေ ကန် မူ ကား ပ ရော ဟိတ် တို့ ဆေး ကြော ရန် ဖြစ် သ တည်း။ Judson Bible မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာဖို့ အင်တုံဆယ်လုံးကိုလည်းလုပ်၍၊ လက်ယာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ် ရေချိုးစရာဖို့ ဖြစ်သတည်း။ |
တွန်းလှည်းဆယ်ခုအတွက် အချင်းလေးတောင်ရှိပြီး ရေဗတ်လေးဆယ်စီဆံ့သည့် ကြေးနီအင်တုံဆယ်လုံးကိုလည်း သွန်းလုပ်၍ တွန်းလှည်းတစ်ခုစီအပေါ်တွင် အင်တုံတစ်လုံးစီတင်ထား၏။
ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။
အချင်းအတောင်တစ်ဆယ်၊ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
အာရုန်နှင့်သူ၏သားတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောရမည်။
မုခ်ဆောင်တံခါးတိုင်နားတွင် တံခါးပေါက်ပါသောအခန်းတစ်ခန်းရှိ၏။ ထိုနေရာတွင် မီးရှို့ရာယဇ်ကောင်ကို ဆေးကြောကြ၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိသောအရာတို့၏နမူနာများကို အဆိုပါအရာများအားဖြင့် စင်ကြယ်စေရန်လိုအပ်၏။ သို့သော် အထက်ကောင်းကင်အရပ်၌ရှိသောအရာအစစ်တို့ကိုမူကား ထိုအရာများထက် သာ၍မြတ်သောယဇ်အားဖြင့် စင်ကြယ်စေရန်လိုအပ်၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။