အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
၂ ရာချုပ် 4:21 - မြန်မာ့စံမီသမ္မာကျမ်း ရွှေအတိပြီးသော ဆီမီးခုံရှိ ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊ Common Language Bible တန်ဆာဆင်ရန်ပန်းပွင့်များ၊ မီးခွက်များ နှင့်မီးကိုင်တန်ဆာများ၊- Judson Bible ရွှေစင်ဖြင့်ပြီးသော ပန်းပွင့်၊ မီးခွက်၊ မီးကိုင်တန်ဆာများ၊ |
အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
အိမ်တော်အတွင်းခန်း၊ အပြင်ခန်းနံရံပတ်ပတ်လည်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများကို ပန်းပုလက်ရာမြောက်အောင် ထွင်းထုထား၏။
တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။
စီရင်ထုံးဖွဲ့ချက်အတိုင်း သန့်ရှင်းရာဌာနတွင်ထွန်းညှိရန် ရွှေစင်ဆီမီးခုံနှင့် မီးခွက်များ၊
မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံဖော်ထား၏။ ရေ ဗတ်သုံးထောင်ဆံ့၏။
ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိ၏။