ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၂ ရာချုပ် 36:8 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသောယောယကိမ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများ၊ သူ၏ဆိုးယုတ်မှုများကို အစ္စရေးနှင့် ယုဒဘုရင်တို့၏ရာဇဝင်ကျမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible ယောယကိမ်၏စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူများနှင့်ကူးလွန်သည့်ဒုစရိုက် များအပါအဝင်သူဆောင်ရွက်ခဲ့သည့် အခြား အမှုအရာအလုံးစုံကိုယုဒရာဇဝင်တွင် မှတ်တမ်းတင်ထားသတည်း။ သူ၏သားတော် ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။ Garrad Bible ယော ယ ကိမ် မင်း ပြု မူ သော အ ကြွင်း အ ကျန် နှင့်၊ ရွံ ရှာ ဖွယ် အ ကျင့်၊ ထင် ရှား သော ဒု စ ရိုက် ပါ၊ ဣ သ ရေ လ၊ ယု ဒ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ၏။ သား တော် ယေ ခေါ နိ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ယောယကိမ်ပြုမူသောအမှုအရာ ကြွင်းလေသမျှတို့နှင့် ပြုမိသောရွံရှာဖွယ်အမှု၊ ထင်ရှားသောစိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ ယောယကိမ်၏သား ယုဒဘုရင်ခေါနိသည် ငါ့လက်ယာလက်၌ရှိသော တံဆိပ်ဖြစ်ခဲ့လျှင်လည်း သင့်ကို ငါဖယ်ပစ်မည်။
“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။