၂ ရာချုပ် 33:1 - မြန်မာ့စံမီသမ္မာကျမ်း မနာရှေ နန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။ Common Language Bible မနာရှေသည်ယုဒဘုရင်အဖြစ်နန်းတက် ချိန်၌အသက်တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည် ယေရုရှလင်မြို့တွင်ငါးဆယ့်ငါးနှစ်နန်းစံ ရလေသည်။- Garrad Bible မ နာ ရှေ မင်း သည်၊ အိမ် နိမ့် ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ငါး ဆယ့် ငါး နှစ် စိုး စံ လေ ၏။ Judson Bible မနာရှေသည် အသက်တစ်ဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။ |
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်သားမြေးတို့၏သင်္ချိုင်းမြေရှိရာတောင်ကုန်းပေါ်တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူအနိစ္စရောက်သောအခါ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် သူ့ကို ဂုဏ်ပြုကြ၏။ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် သူငယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် နံနက်အချိန်၌ပင် စားသောက်ပွဲကျင်းပလျှင် သင်သည် အမင်္ဂလာရှိ၏။
ငါ၏လူမျိုးတော်ကို ကလေးသူငယ်တို့က ညှဉ်းဆဲကြ၏။ မိန်းမတို့က အုပ်စိုးကြ၏။ အို ငါ့လူမျိုးတော်၊ သင်တို့ကိုလမ်းပြသောသူတို့သည် သင်တို့ကို လမ်းလွဲစေ၍ သင်တို့၏လမ်းခရီးကို ရှုပ်ထွေးစေကြ၏။
ငါသည် သူငယ်တို့ကို သူတို့၏အကြီးအကဲများဖြစ်စေမည်။ ကလေးငယ်တို့သည် သူတို့ကို အုပ်စိုးကြလိမ့်မည်။
ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။
ဟေဇကိသည် သားမနာရှေကိုရ၏။ မနာရှေသည် သားအာမုန်ကိုရ၏။ အာမုန်သည် သားယောရှိကိုရ၏။