ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၂ ရာချုပ် 32:32 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောကောင်းမှုများကို ယုဒဘုရင်နှင့်အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ပါဝင်သော အာမုတ်၏သားပရောဖက်ဟေရှာယ၏ဗျာဒိတ်နိမိတ်ကျမ်းတွင် ရေးမှတ်ထား၏။ Common Language Bible ဟေဇကိမင်းလုပ်ဆောင်ခဲ့သောအခြား အမှုအရာရှိသမျှနှင့်ထာဝရဘုရား အားဆည်းကပ်ပုံတို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယ၏ဗျာဒိတ်ရူပါရုံ ကျမ်း၊ ယုဒရာဇဝင်နှင့်ဣသရေလရာဇဝင် တွင်ရေးထားသတည်း။- Garrad Bible ဟေ ဇ ကိ မင်း စီ ရင် သော အ ကြွင်း အ ကျန် နှင့် ကောင်း မှု များ သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင် ပါ၊ အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ ဗျာ ဒိတ် ကျမ်း တွင် ရေး ထား လျက် ရှိ ၏။ Judson Bible ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရောဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသောဩဇိမင်းကြီးလက်ထက်အဖြစ်အပျက်အစအဆုံးကို အာမုတ်၏သား ပရောဖက်ဟေရှာယက မှတ်တမ်းတင်ထား၏။
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်သားမြေးတို့၏သင်္ချိုင်းမြေရှိရာတောင်ကုန်းပေါ်တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူအနိစ္စရောက်သောအခါ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် သူ့ကို ဂုဏ်ပြုကြ၏။ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသောယောရှိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မေတ္တာဖြင့်လုပ်ဆောင်ခဲ့ပုံ၊