ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၂ ရာချုပ် 32:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလတွင် ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်း ဖြစ်၍ ထာဝရဘုရားထံ ဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကို အဖြေပေးတော်မူ၏။ အံ့ဖွယ်နိမိတ်လက္ခဏာကိုလည်း ပြပေးတော်မူ၏။ Common Language Bible ထိုအချိန်ကာလလောက်၌ပင်ဟေဇကိသည် သေလုနီးပါးဖျားနာသဖြင့် ဆုတောင်းပတ္ထ နာပြုတော်မူ၏။ ထာဝရဘုရားသည်သူပြန် လည်ကျန်းမာလာမည့်နိမိတ်ကိုပြတော်မူ၏။- Garrad Bible ထို ကာ လ၊ ဟေ ဇ ကိ မင်း၌ သေ အံ့ သော ဝေ ဒ နာ စွဲ ကပ် ရာ၊ ထာ ဝ ရ ဘု ရား ထံ ပ ဌ နာ ပြု သော ကြောင့်၊ နိ မိတ် ဗျာ ဒိတ် တော် ကို ခံ ရ သော် လည်း၊ Judson Bible ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသောတန်ခိုးတော်ကို ခံရ၏။ |
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။