ပြည်သူပြည်သားအားလုံး သဘောတူနှစ်သက်ကြသောကြောင့် လူထုတစ်ရပ်လုံးက ထိုသို့ပြုမည်ဟု ဆိုကြ၏။
၂ ရာချုပ် 30:4 - မြန်မာ့စံမီသမ္မာကျမ်း ဤအစီအစဉ်ကို ရှင်ဘုရင်နှင့်တကွ လူထုတစ်ရပ်လုံး နှစ်သက်သဘောကျကြ၏။ Common Language Bible မင်းကြီးနှင့်ပြည်သူတို့သည်မိမိတို့ အကြံအစည်ကိုနှစ်သက်ကြသဖြင့်၊- Garrad Bible ထို သို့ ဘု ရင် မင်း နှင့် လူ ပ ရိ သတ် တို့ သ ဘော တူ ကြ သ ဖြင့်၊ Judson Bible ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ထိုအမှုကိုနှစ်သက်သောကြောင့်လည်းကောင်း၊ ကျမ်းစာ၌လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်လည်းကောင်း၊ |
ပြည်သူပြည်သားအားလုံး သဘောတူနှစ်သက်ကြသောကြောင့် လူထုတစ်ရပ်လုံးက ထိုသို့ပြုမည်ဟု ဆိုကြ၏။
အကြောင်းမူကား မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုပြီးသောယဇ်ပုရောဟိတ်တို့ မလုံလောက်ခြင်းနှင့် ဂျေရုဆလင်မြို့တွင် လူတို့လာရောက်စုဝေးခြင်းမရှိသေးသောကြောင့် သတ်မှတ်ထားသောအချိန်တွင် ပွဲတော်ကိုမကျင်းပနိုင်ခဲ့ချေ။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပမည်ကို လာကြပါမည့်အကြောင်း စာထုတ်ပြန်ပြီး ဗေရရှေဘမြို့မှ ဒန်မြို့တိုင်အောင် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူလွှတ်ကြေညာစေ၏။ အကြောင်းမှာ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ပသခါပွဲကို လူအများနှင့်မကျင်းပဖူးသောကြောင့် ဖြစ်၏။