ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။ ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ ပြန်သွားကြ၏။
၂ ရာချုပ် 30:24 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယုဒဘုရင်ဟေဇကိမင်းကြီးသည် လူထုတစ်ရပ်လုံးအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေခုနစ်ထောင်ကို ပေးလှူပူဇော်၏။ မှူးမတ်တို့သည်လည်း လူထုအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေတစ်သောင်းကို ပေးလှူပူဇော်ကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြ၏။ Common Language Bible ဟေဇကိမင်းသည်လူတို့စားရန်အတွက် နွား ကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေခုနစ်ထောင် ကိုပေးလှူတော်မူ၏။ မှူးမတ်များကလည်း နွားကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေတစ် သောင်းကိုပေးလှူကြလေသည်။ ယဇ်ပုရော ဟိတ်အမြောက်အမြားပင်ဘာသာရေး ထုံးနည်းအရသန့်စင်မှုကိုပြုကြကုန်၏။- Judson Bible ယုဒရှင်ဘုရင်ဟေဇကိသည် နွားတစ်ထောင်နှင့် သိုးခုနစ်ထောင်တို့ကိုလည်းကောင်း၊ မှူးမတ်တို့သည် နွားတစ်ထောင်နှင့် သိုးတစ်သောင်းကိုလည်းကောင်း၊ စည်းဝေးသောသူတို့အား ပေးကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။ |
ထို့နောက် အစ္စရေးလူထုတစ်ရပ်လုံးအား ယောက်ျားမိန်းမ မကျန် တစ်ဦးလျှင် မုန့်တစ်လုံး၊ အသားတစ်တုံး၊ စပျစ်ပျဉ်တစ်ချပ် ဝေပေး၏။ ထို့နောက် လူအပေါင်းတို့သည် အသီးသီးကိုယ့်အိမ်သို့ ပြန်သွားကြ၏။
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် အရှက်ရ၍ သန့်ရှင်းခြင်းဝတ်ကိုပြုကြ၏။ ထို့နောက် မီးရှို့ရာယဇ်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်သွားကြ၏။
အကြောင်းမူကား မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုပြီးသောယဇ်ပုရောဟိတ်တို့ မလုံလောက်ခြင်းနှင့် ဂျေရုဆလင်မြို့တွင် လူတို့လာရောက်စုဝေးခြင်းမရှိသေးသောကြောင့် သတ်မှတ်ထားသောအချိန်တွင် ပွဲတော်ကိုမကျင်းပနိုင်ခဲ့ချေ။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။