သူတို့လက်အောက်၌ ရှင်ဘုရင်ကိုကူညီပြီး ရန်သူကိုတိုက်ခိုက်ရာတွင် စစ်ရေးလေ့ကျင့်ထား၍ ရဲစွမ်းသတ္တိရှိသောစစ်သည်ဦးရေ သုံးသိန်းခုနစ်ထောင့်ငါးရာ ရှိ၏။
၂ ရာချုပ် 26:14 - မြန်မာ့စံမီသမ္မာကျမ်း ဩဇိမင်းကြီးသည် စစ်သည်အပေါင်းတို့အတွက် ဒိုင်းလွှားများ၊ လှံများ၊ သံခမောက်များ၊ သံချပ်အင်္ကျီများ၊ လေးများနှင့် လောက်လွှဲကျောက်များကို ပြင်ဆင်ပေး၏။ Common Language Bible သြဇိသည်တပ်မတော်အား ဒိုင်းလွှား၊ လှံ၊ သံ ခမောက်၊ သံချပ်အင်္ကျီ၊ လေး၊ မြားနှင့်လောက်လွှဲ ပစ်ရန်ကျောက်ခဲများကိုပေးအပ်တော်မူ၏။- Garrad Bible ဩ ဇိ မင်း သည်၊ ဗိုလ် ထု တော် အ ဖို့၊ ဒိုင်း လွှား၊ လှံ၊ သံ မောက် ရူ၊ ရင် အုပ်၊ လေး၊ လောက် လွှဲ ပစ် ရန် ကျောက် များ ကို ပြု ပြင် ပြီး မှ၊ Judson Bible ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဖို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။ |
သူတို့လက်အောက်၌ ရှင်ဘုရင်ကိုကူညီပြီး ရန်သူကိုတိုက်ခိုက်ရာတွင် စစ်ရေးလေ့ကျင့်ထား၍ ရဲစွမ်းသတ္တိရှိသောစစ်သည်ဦးရေ သုံးသိန်းခုနစ်ထောင့်ငါးရာ ရှိ၏။
ဂျေရုဆလင်မြို့တွင်လည်း စက်မှုကျွမ်းကျင်သူအား မြားနှင့်လောက်လွှဲကြီးများပစ်ခတ်ရာတွင် အသုံးပြုသောစက်ကိရိယာများကို တီထွင်စေပြီးရဲတိုက်များ၊ မြို့ရိုးထောင့်များတွင် ထားရှိ၏။ ဩဇိမင်းကြီးသည် အံ့ဩဖွယ်ကူညီမစမှုကို ခံရသောကြောင့် အင်အားကြီးမားပြီး ရပ်ဝေးတိုင်အောင် နာမည်ကျော်စောလေ၏။
ဝတ်လုံ၌ ခေါင်းစွပ်ရန် လည်ပင်းပေါက်ရှိရမည်။ ထိုလည်ပင်းပေါက်ပတ်ပတ်လည်၌ အနားပတ်ရှိရမည်။ လည်ပင်းပေါက်မစုတ်မပြဲစေရန် သံချပ်အင်္ကျီလည်ပင်းပေါက်ကဲ့သို့ ထိုအနားပတ်ကို ရက်လုပ်ရမည်။
မြင်းစီးသူရဲတို့၊ မြင်းများကို ကကြိုးဆင်ကြ၊ စီးကြ။ နေရာယူကြ။ သံခမောက်ဆောင်းကြ။ လှံတို့ကို သွေးကြ။ သံချပ်အင်္ကျီတို့ကို ဝတ်ဆင်ကြ။
ဤလူအပေါင်းတို့တွင် ရွေးကောက်ထားသောလက်ဝဲလက်အားသန်သူယောက်ျားအယောက်ခုနစ်ရာရှိ၏။ သူတို့သည် ဆံချည်တစ်ပင်ကိုပင် လောက်လွှဲနှင့်ထိအောင် ပစ်နိုင်သူများဖြစ်၏။
ဒါဝိဒ်သည် အိတ်ထဲမှ ကျောက်တစ်လုံးကို နှိုက်ယူပြီး လွှဲပစ်လိုက်ရာ ဖိလိတ္တိပြည်သား၏နဖူးကို ထိမှန်၍ နဖူးပေါက်သွားသဖြင့် ထိုသူသည် မြေပေါ်သို့ မှောက်လျက်လဲကျသွားလေ၏။