ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
၂ ရာချုပ် 25:14 - မြန်မာ့စံမီသမ္မာကျမ်း အာမဇိမင်းကြီးသည် ဧဒုံလူမျိုးတို့ကို ချေမှုန်းရာမှပြန်လာပြီးနောက် စိရပြည်သားတို့၏ဘုရားများကို ယူလာပြီး မိမိအဖို့ဘုရားအဖြစ် တည်ထား၏။ ထိုဘုရားများကို ကိုးကွယ်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။ Common Language Bible အာမဇိသည်ဧဒုံအမျိုးသားတို့ကိုနှိမ် နင်းရာမှပြန်လာသောအခါ ထိုသူတို့ ကိုးကွယ်သည့်ရုပ်တုများကိုမိမိနှင့် အတူယူဆောင်လာလေသည်။ မင်းကြီး သည်ယင်းတို့ကိုတည်ထားကိုးကွယ်ကာ နံ့သာပေါင်းကိုမီးရှို့ပူဇော်တော်မူ၏။- Garrad Bible အာ မ ဇိ မင်း သည်၊ ဧ ဒုံ လူ မျိုး တို့ ကို လုပ် ကြံ၍ ပြန် လာ ပြီး လျှင်၊ ထို စိ ရ ပြည် သား တို့ လက် မှ သိမ်း စု ဘု ရား များ ကို၊ ကိုယ့် ဘု ရား အ ဖြစ် ချီး မြှင့် ရှိ ခိုး လျက်၊ မီး ဖြင့် ပူ ဇော် သည့် အ တွက်၊ Judson Bible အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရားတို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှာ၊ တည်ထောင်လျက် သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာပေါင်းကို မီးရှို့လေ၏။ |
ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
ထို့နောက် အာမဇိမင်းကြီးသည် ယေဟုမင်းကြီး၏မြေးတော်၊ ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင် ယဟောရှမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “လာပါ။ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြစို့”ဟု ပြောကြားစေ၏။
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မတ်စွာပြုကျင့်သော်လည်း စိတ်နှလုံးအကြွင်းမဲ့နှင့်မဟုတ်ချေ။
သူက “ဆီးရီးယားဘုရင်၏ဘုရားတို့သည် သူတို့ကို ကူညီ၏။ ထိုဘုရားတို့ကို ယဇ်ပူဇော်လျှင် ငါ့ကိုလည်းကူညီလိမ့်မည်”ဟု တွေးလျက် သူ့ကို တိုက်ခိုက်နှိမ်နင်းခဲ့သောဒမတ်စကပ်မြို့သားတို့၏ဘုရားများကို ယဇ်ပူဇော်လေ၏။ သို့သော် ထိုဘုရားတို့သည် သူနှင့်အစ္စရေးတစ်မျိုးနွယ်လုံးကို ကျရှုံးစေ၏။
သူတို့၏ဘုရားများကို မပျပ်ဝပ်ရ။ မကိုးကွယ်ရ။ သူတို့၏ဓလေ့ထုံးစံများအတိုင်း မပြုကျင့်ရ။ ထိုဘုရားများကို ရှင်းရှင်းဖြိုဖျက်ရမည်။ သူတို့အထွတ်အမြတ်ထားသောကျောက်တိုင်များကို အကုန်အစင်ဖြိုလှဲရမည်။
လူသည် ထိုအပင်တို့ကို ထင်းအဖြစ်သုံး၏။ တစ်ပိုင်းကိုယူ၍ မီးလှုံ၏။ မီးမွှေး၍လည်း မုန့်ဖုတ်တတ်၏။ ဘုရားရုပ်တုကိုလည်း ပြုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုဆင်းတုထုလုပ်၍ ပျပ်ဝပ်တတ်၏။
‘ငါသည် သစ်တစ်ပိုင်းကိုမီးရှို့၍ မီးခဲပေါ်တွင် မုန့်ဖုတ်လေပြီ။ အသားကိုလည်း ကင်၍ စားလေပြီ။ ကျန်တစ်ပိုင်းကို စက်ဆုပ်ရွံရှာဖွယ်သောအရာဖြစ်စေရမည်လော။ သစ်တုံးရှေ့တွင် ငါပျပ်ဝပ်ရမည်လော’ဟု ဆိုနိုင်လောက်အောင် မည်သူမျှ မဆင်ခြင်၊ မည်သူမျှ အသိတရားမရှိ၊ ဉာဏ်မရှိ။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။
သင်တို့သည် သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။ ရုပ်တုဆင်းတုရှိ ရွှေ၊ ငွေတို့ကို မတပ်မက်ရ၊ မယူရ။ ထိုအရာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသည်ဖြစ်၍ ယူမိလျှင် သင်သည် ထိုအရာအားဖြင့် ကျော့မိလိမ့်မည်။
ထို့ကြောင့် သူတို့ကို ဤသို့ပြုရမည်။ သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ခုတ်လှဲ၍ ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။