ယုဒအမျိုးသားတို့သည် လူတစ်သောင်းကို အရှင်ဖမ်းမိရာ သူတို့ကို ကျောက်ဆောင်ထိပ်သို့ခေါ်သွားပြီး တွန်းချလိုက်သဖြင့် သူတို့အားလုံး သေကျေပျက်စီးကြကုန်၏။
ယုဒတပ်မတော်သည်သုံ့ပန်းတစ်သောင်းကို ဖမ်းဆီးရမိသဖြင့် သူတို့အားသေလမြို့ ကျောက်တောင်ထိပ်သို့ခေါ်ဆောင်ကာကျောက် ပေါ်ကျ၍သေစေရန်အောက်သို့တွန်းချ ကြ၏။
ယု ဒ ရဲ မက် တို့ လည်း၊ အ ခြား တစ် သောင်း ကို သုံ့ ဘမ်း လျက်၊ ကျောက် တောင် ထိပ် သို့ ဆွဲ ငင် တွန်း ချ ရာ၊ ကျိုး ပဲ့ ပျက် စီး ကြ လေ ၏။
ယုဒအမျိုးသားတို့သည် လူတစ်သောင်းကို အရှင်ဖမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှာ အောက်သို့ တွန်းချကြ၏။
မြို့သားတို့ကိုလည်းခေါ်ဆောင်သွားပြီး လွှတိုက်၊ သံထွန်၊ သံပုဆိန်ပေါက်အလုပ်၊ အုတ်ဖုတ်ရသောအလုပ်တို့ကို လုပ်စေ၏။ အမ္မုန်အမျိုးသားတို့၏မြို့ရွာတိုင်း၌ ထိုသို့ပြု၏။ ထို့နောက် ဒါဝိဒ်မင်းကြီးနှင့်စစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
မြို့သားတို့ကိုလည်းခေါ်ဆောင်သွားပြီး လွှတိုက်၊ သံထွန်၊ ပုဆိန်ပေါက်အလုပ်တို့ကို လုပ်စေ၏။ ဒါဝိဒ်မင်းကြီးသည် အမ္မုန်အမျိုးသားတို့၏မြို့ရွာတိုင်း၌ ထိုသို့ပြုလေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီးနှင့်စစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာခဲ့စဉ်က ကိုယ်တော်သည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်ပေါ်သားတို့၏နယ်မြေကို အစ္စရေးလူမျိုးတို့အား ကျူးကျော်ခွင့်မပေး။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် သူတို့ပြည်ကို မဖျက်ဆီးဘဲ ရှောင်သွားခဲ့ပါ၏။
ထို့နောက် အာမဇိမင်းကြီးသည် ရဲရင့်စွာဖြင့် မိမိစစ်သည်တို့ကိုဦးဆောင်လျက် ဆားချိုင့်ဝှမ်းသို့ချီတက်ကာ စိရပြည်သားတစ်သောင်းကို ကွပ်မျက်နိုင်ခဲ့၏။
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် အာမဇိမင်းကြီးကို အမျက်ထွက်တော်မူ၍ သူ့ထံပရောဖက်တစ်ပါးကို စေလွှတ်ကာ “မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်တင်နိုင်သောလူမျိုးခြားတို့၏ဘုရားများကို အဘယ်ကြောင့် ဆည်းကပ်သနည်း”ဟု ဆို၏။
သူတို့ကိုစီရင်အုပ်ချုပ်သောသူတို့သည် ချောက်ကမ်းပါးအစွန်းမှ တွန်းချခြင်းခံကြရလိမ့်မည်။ ထိုအခါ အကျွန်ုပ်၏စကားများသည် နှစ်သက်ဖွယ်ကောင်းကြောင်း သူတို့ကြားသိကြလိမ့်မည်။