ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
၂ ရာချုပ် 24:16 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အစ္စရေးနိုင်ငံတွင် ဘုရားသခင်နှင့်အိမ်တော်အတွက်ကောင်းသောအမှုများကို ပြုသောကြောင့် သူ့ကို ဒါဝိဒ်မြို့တွင် ဘုရင်များနှင့်အတူ သင်္ဂြိုဟ်ကြ၏။ Common Language Bible ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ Garrad Bible ဘု ရား သ ခင်၏ အ မှု တော် နှင့် ဗိ မာန် တော် အ မှု၊ ဣ သ ရေ လ ပြည် ကျိုး များ ကို သယ် ပိုး ရွက် ဆောင် သူ ဖြစ် သော ကြောင့်၊ ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ကြ ကုန် ၏။ Judson Bible ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌လည်းကောင်း၊ အိမ်တော်၌လည်းကောင်း ကျေးဇူးပြုသောသူဖြစ်သတည်း။ |
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ထို့ကြောင့် ယဟောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒနှင့် အခြားယဇ်ပုရောဟိတ်တို့ကို ဆင့်ခေါ်၍ “အိမ်တော်အပျက်အစီးများကို အဘယ်ကြောင့် မပြုပြင်ကြသနည်း။ ယခု ကိုယ်နှင့်ရင်းနှီးသူတို့ထံမှ ငွေကိုမယူဘဲ အိမ်တော်အပျက်အစီးကိုပြုပြင်ရန်အတွက် ကိုယ့်ငွေကို ပေးအပ်ကြလော့”ဟု မိန့်ဆို၏။
ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံတွင် အာဇရိ၊ ယေဟေလ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိ စသောညီအစ်ကိုများ ရှိ၏။ ဤသူအားလုံးသည် အစ္စရေးဘုရင်ယောရှဖတ်မင်းကြီး၏သားတော်များ ဖြစ်၏။
သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။
ယောယဒသည် အသက်ကြီး၍သက်တမ်းစေ့သောအခါ ကွယ်လွန်သွား၏။ ကွယ်လွန်ချိန်တွင် အသက်တစ်ရာ့သုံးဆယ် ရှိ၏။
ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။
ဟေဇကိမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် ထိုသို့ပြုပေး၏။ ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ကောင်းမြတ်၍ ဖြောင့်မတ်မှန်ကန်သောအမှုကို ပြု၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ ဘုရားသခင်၏အိမ်တော်နှင့်အမှုတော်အတွက် အကျွန်ုပ်ကောင်းစွာလုပ်ဆောင်ခဲ့သည်ကို လျစ်လျူရှုတော်မမူပါနှင့်။
ယောဟန်၏တပည့်တို့သည် ထိုသတင်းကိုကြားသိကြသောအခါ လာ၍ သူ၏အလောင်းကိုယူဆောင်သွားပြီးလျှင် ဂူသွင်းသင်္ဂြိုဟ်ကြ၏။
ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။