လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
၂ ရာချုပ် 24:10 - မြန်မာ့စံမီသမ္မာကျမ်း မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ယူဆောင်လာ၍ သေတ္တာပြည့်သည်အထိ ထည့်ကြ၏။ Common Language Bible ပြည်သူများနှင့်သူတို့၏ခေါင်းဆောင်များ သည်ဝမ်းမြောက်စွာဖြင့် မိမိတို့အလှူငွေ များကိုယူဆောင်ကာအလှူခံသေတ္တာ ပြည့်အောင်ထည့်ဝင်ကြကုန်၏။- Garrad Bible မှူး တော် မတ် တော် များ နှင့် ပြည် သူ ပြည် သား အ ပေါင်း တို့ သည်၊ ဝမ်း မြောက် စွာ ဆက် သွင်း လျက်၊ သေ တ္တာ တော် မ ပြည့် မ ချင်း ထည့် လှူ ကြ ၏။ Judson Bible မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက်စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။ |
လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
လေဝိအမျိုးသားတို့သည် ငွေအမြောက်အမြားရလာပြီဖြစ်ကြောင်း သိမြင်လျှင် သေတ္တာကို ဘုရင့်အမှုထမ်းများထံသို့ ယူဆောင်လာကြ၏။ ထိုအခါ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်အကြီးအကဲတို့သည်လာ၍ သေတ္တာထဲမှ ငွေကိုထုတ်ပြီး ယူဆောင်သွား၏။ သေတ္တာကိုမူ သူ့နေရာတွင် ပြန်ထားစေ၏။ နေ့စဉ်နေ့တိုင်း ထိုသို့ပြုရာ ငွေအမြောက်အမြားကို ကောက်ခံရရှိလေ၏။
တောကန္တာရတွင် ဘုရားသခင်၏အစေအပါးမောရှေက အစ္စရေးလူမျိုးတို့အား မိန့်မှာခဲ့သည့်အတိုင်း ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် ထာဝရဘုရားအထံတော်သို့ အခွန်ငွေကိုယူဆောင်လာကြရန် ကြေညာလိုက်၏။
ကိုယ်တော်သည် ဝမ်းမြောက်သောစိတ်ဖြင့် ဖြောင့်မတ်စွာပြုကျင့်သောသူ၊ ကိုယ်တော်၏တရားလမ်းတော်ကိုအောက်မေ့သောသူတို့အား ကြိုဆိုလက်ခံတော်မူ၏။ သို့သော် အကျွန်ုပ်တို့အပြစ်ပြု၍ ကိုယ်တော်အမျက်ထွက်တော်မူ၏။ အဆက်မပြတ်အပြစ်ပြုသောအကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်လော။
သူတို့သည် ဆင်းရဲဒုက္ခကြောင့် ပြင်းထန်သောစမ်းသပ်ခြင်းကိုခံခဲ့ရသော်လည်း သူတို့၏ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် အလွန်ဆင်းရဲတွင်းနက်ခြင်းတို့သည် သူတို့၏ရက်ရောစွာပေးကမ်းခြင်းတည်းဟူသော စည်းစိမ်အဖြစ်သို့ ရောက်လေ၏။
လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။