ဒါဝိဒ်မင်းကြီးသည် ဟာဒဒေဇာမင်းကြီး၏အစေအပါးတို့ကိုင်ဆောင်သော ရွှေဒိုင်းလွှားတို့ကိုသိမ်းပြီး ဂျေရုဆလင်မြို့သို့ယူဆောင်လာ၏။
၂ ရာချုပ် 23:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် ဘုရားသခင်၏အိမ်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ၊ ဒိုင်းလွှားကြီးများ၊ ဒိုင်းလွှားငယ်များကို ရာတပ်မှူးတို့အား ပေးအပ်၏။ Common Language Bible ယောယဒသည်ဗိမာန်တော်တွင်ဒါဝိဒ်ထား ရှိသည့်လှံများနှင့် ဒိုင်းလွှားများကိုအစောင့် တပ်မှူးတို့အားပေးအပ်လေသည်။- Garrad Bible ပ ရော ဟိတ် ယော ယ ဒ သည်၊ ဗိ မာန် တော် ရှိ ဒါ ဝိဒ် မင်း သုံး ခဲ့ သော လှံ၊ ဒိုင်း လွှား၊ လက် နက် များ ကို၊ Judson Bible ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏ လှံများနှင့်ဒိုင်းလွှားများကို၊ ယဇ်ပုရောဟိတ်ယောယဒသည် ထုတ်၍၊ လူတစ်ရာအုပ်တို့အား အပ်လေ၏။ |
ဒါဝိဒ်မင်းကြီးသည် ဟာဒဒေဇာမင်းကြီး၏အစေအပါးတို့ကိုင်ဆောင်သော ရွှေဒိုင်းလွှားတို့ကိုသိမ်းပြီး ဂျေရုဆလင်မြို့သို့ယူဆောင်လာ၏။
ရှောလမုန်မင်းကြီးသည် ဒိုင်းလွှားကြီးအခုနှစ်ရာကိုလည်း ရွှေဖြင့်ထုလုပ်၏။ ဒိုင်းလွှားကြီးတစ်ခုစီတွင် ရွှေအချိန်ခြောက်ရာရှယ်ကယ်ပါဝင်၏။
လူအပေါင်းတို့ကို လက်နက်ကိုယ်စီကိုင်ဆောင်စေပြီး အိမ်တော်တောင်ဘက်ထောင့်မှ အိမ်တော်မြောက်ဘက်ထောင့်အထိ ယဇ်ပလ္လင်အနား၊ အိမ်တော်အနားတို့၌ နေရာယူလျက် ရှင်ဘုရင်ကို ခြံရံစေ၏။
လေဝိအမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် ယဇ်ပုရောဟိတ်ယောယဒ မှာကြားသည့်အတိုင်း ပြုကြ၏။ ယဇ်ပုရောဟိတ်ယောယဒက အလှည့်ကျအဖွဲ့များကို ပြန်မလွှတ်ပေးသောကြောင့် အဖွဲ့ခေါင်းဆောင်များသည် ဥပုသ်နေ့တွင် တာဝန်ကျသူများနှင့် တာဝန်မကျသူများပါ အသီးသီးမိမိတို့လူကို ခေါ်ထားကြ၏။
ယဇ်ပုရောဟိတ်က “ဧလာချိုင့်၌ သင်သုတ်သင်ပစ်ခဲ့သော ဖိလိတ္တိပြည်သား ဂေါလျတ်၏ဓားရှိပါ၏။ အဝတ်နှင့်ပတ်ပြီး ဧဖုဒ်နောက်တွင် သိမ်းထားပါ၏။ ဤဓားမှလွဲ၍ အခြားဓားမရှိပါ။ ယူလိုပါက ယူသွားပါ”ဟု ဆိုလျှင် ဒါဝိဒ်က “အကျွန်ုပ်ကို ပေးပါလော့။ ဤဓားထက်ကောင်းသောဓား မရှိပါ”ဟု ဆို၏။