သူသည် အာဟပ်မင်းကြီး၏သမက်တော်ဖြစ်သည်နှင့်အညီ အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
၂ ရာချုပ် 22:3 - မြန်မာ့စံမီသမ္မာကျမ်း သူ၏မယ်တော်သည် ဆိုးယုတ်သောအကြံများကိုသာ ပေးသောကြောင့် သူသည် အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ Common Language Bible မယ်တော်ကမကောင်းသောအကြံဉာဏ်များ ကိုပေးသဖြင့် အာခဇိသည်အာဟပ်မင်းအိမ် ထောင်စုသားတို့၏လမ်းစဉ်ကိုလိုက်လေသည်။- Garrad Bible ထို မင်း လည်း၊ မယ် တော် ပေး သော အ ကြံ ဆိုး အ တိုင်း၊ အာ ဟပ် မင်း မျိုး နည်း လမ်း ကို လိုက် လျက်၊ ခ မည်း တော် ကွယ် လွန် ပြီး နောက်၊ Judson Bible မယ်တော်သည် မကောင်းသောအကြံကို ပေးသောကြောင့်၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊ |
သူသည် အာဟပ်မင်းကြီး၏သမက်တော်ဖြစ်သည်နှင့်အညီ အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
အာခဇိနန်းတက်သောအခါ သက်တော်လေးဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်နှစ်စိုးစံ၏။ မယ်တော်ကား ဩမရိမင်းကြီး၏မြေးတော် အာသလိအမည်ရှိ၏။
သူ၏ခမည်းတော်အနိစ္စရောက်သည့်နောက်ပိုင်းတွင် သူ့ကို အကြံပေးဖျက်ဆီးသူများမှာ အာဟပ်မင်းမျိုးမင်းနွယ်သာဖြစ်သောကြောင့် ထိုသူတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။
ဆိုးယုတ်သောဘုရင်မအာသလိ၏သားတို့သည် ဘုရားသခင်၏အိမ်တော်ကိုဖြိုဖျက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကိုယူသွား၍ ဗာလဘုရားအတွက် အသုံးပြုခဲ့ကြ၏။
အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ ဗာလရုပ်တုများကိုလည်း သွန်းလုပ်၏။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။