အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 21:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် အာဟပ်​မင်းကြီး​၏​သမီး​တော်​ကို မိဖုရား​မြှောက်​ထား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အာ ဟပ် မင်း သ မီး တော် နှင့် ထိမ်း မြား သ ဖြင့်၊ ဣ သ ရေ လ ဘု ရင် တို့ နည်း လမ်း ကို၊ အာ ဟပ် မင်း မျိုး ကဲ့ သို့ လိုက် လျက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အာ​ဟပ်​သ​မီး​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​လိုက်​ရာ​လမ်း​သို့ အာ​ဟပ်​အ​မျိုး​ကဲ့​သို့ လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 21:6
9 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အာဟပ်​မင်းကြီး​၏​သမီး​တော်​ကို မိဖုရားမြှောက်​ထား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကဲ့သို့ပင် အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ပြီး ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​လေ​၏​။


ယောရှဖတ်​မင်းကြီး​သည် ဓနဥစ္စာ​၊ ဘုန်းအသရေ​တိုးပွား​လျက်​ရှိ​၏​။ အာဟပ်​မင်း​မျိုး​နှင့်​လည်း စုံဖက်​ဆွေမျိုးစပ်​၏​။


ထို့နောက်တွင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​သည် အစ္စရေး​ဘုရင်​အာခဇိ​မင်းကြီး​နှင့် မဟာမိတ်ဖွဲ့​ခဲ့​၏​။ အာခဇိ​မင်းကြီး​သည် ဆိုးယုတ်​သော​အမှု​ကို ပြုကျင့်​သော​သူ​ဖြစ်​၏​။


အစ္စရေး​ဘုရင်​တို့​လျှောက်​သော​လမ်း​အတိုင်း​လိုက်လျှောက်​ပြီး အာဟပ်​မင်းမျိုးမင်းနွယ်​တို့ ဖောက်ပြန်မှားယွင်း​သကဲ့သို့ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ကို ဖောက်ပြန်မှားယွင်း​စေ​၏​။ သင့်​ခမည်းတော်​၏​အိမ်သား​များ​ဖြစ်​သော သင့်​ထက်​ကောင်း​သော​သင့်​ညီအစ်ကို​များ​ကို​ပင် သင်​သတ်​ပစ်​ခဲ့​၏​။


အာခဇိ​နန်းတက်​သောအခါ သက်တော်​လေးဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဩမရိ​မင်းကြီး​၏​မြေး​တော် အာသလိ​အမည်​ရှိ​၏​။


အစ္စရေး​ဘုရင်​တို့ လျှောက်​သော​လမ်း​အတိုင်း လိုက်လျှောက်​ခဲ့​၏​။ ဗာလ​ရုပ်တု​များ​ကို​လည်း သွန်းလုပ်​၏​။